၂၀၂၇ ခုနှစ် ပထမနှစ်ဝက်ကာလမှာ မက်ဆီကို ပြန်လည်ခေါ်ယူဖို့ နယူးဝဲလ်အိုးဘွိုင်းအသင်း စီစဉ်ထား

၂၀၂၇ ခုနှစ် ပထမနှစ်ဝက်ကာလမှာ မက်ဆီကို ပြန်လည်ခေါ်ယူဖို့ နယူးဝဲလ်အိုးဘွိုင်းအသင်း စီစဉ်ထား
Photo: X
Photo: X
Published 6 February 2026

အာဂျင်တီးနားကလပ် နယူးဝဲလ်အိုးဘွိုင်းအသင်းဒုဥက္ကဋ္ဌ ဟွမ်မန်နူရယ်မီဒီနာက အင်တာမိုင်ယာမီအသင်းမှာ ကစားနေတဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီကို ၂၀၂၇ ခုနှစ် ပထမနှစ်ဝက်ကာလမှာ ပြန်လည်ခေါ်ယူဖို့ စီစဉ်ထားကြောင်း  အတည်ပြုပြောကြားခဲ့ပါတယ်။

နယူးဝဲလ်အိုးဘွိုင်းအသင်းဟာ ဘာစီလိုနာအသင်းရဲ့ လာမာစီယာအကယ်ဒမီကို မက်ဆီမရောက်ရှိခင် ကစားခဲ့ဖူးတဲ့ ငယ်ဘဝအသင်းဟောင်းဖြစ်ပြီး အသက်ခုနစ်နှစ်ကနေ ၁၃ နှစ်အထိ  ကစားခဲ့ဖူးတာပါ။

မက်ဆီနဲ့ လက်ရှိကလပ် အင်တာမိုင်ယာမီအသင်းရဲ့စာချုပ်က ၂၀၂၈ ခုနှစ်အထိ ရှိနေပေမဲ့ နယူးဝဲလ်အိုးဘွိုင်းက အငှားစာချုပ်နဲ့ ခေါ်ယူဖို့ စီစဉ်ထားခြင်းဖြစ်ပါတယ်။

''၂၀၂၇ ပထမနှစ်ဝက်မှာ နယူးဝဲလ်အတွက် လီယိုကစားနိုင်ဖို့ ကျွန်တော်တို့လုပ်ဆောင်နေပါတယ်။ ဒါက နယူးဝဲလ်ထက်ကျော်လွန်တဲ့ ရိုဆာရီယိုမြို့၊ ပြည်နယ်နဲ့ အာဂျင်တိုင်းဘောလုံးအတွက် စီမံကိန်းပါ'' လို့ မီဒီနာက ပြောကြားခဲ့ပါတယ်။

မက်ဆီကလည်း ကစားသမားဘဝက အနားမယူခင် ငယ်ဘဝအသင်းမှာ ပြန်ကစားဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။

Most Read

Most Recent