ချယ်လ်ဆီးအသင်းဟာ စထရာဘိုးအသင်းထံ အငှားချထားတဲ့ ဆီနီဂေါနောက်ခံလူ မာမာဒူဆားကို ပြန်ခေါ်ပြီး အာဂျင်တီးနားနောက်ခံလူ အန်ဆယ်လ်မီနိုကို စထရာဘိုးအသင်းထံ အငှားပြန်ချပေးဖို့ ဆွေးနွေးနေကြောင်း သိရပါတယ်။
ချယ်လ်ဆီးနဲ့ စထရာဘိုးက ပိုင်ရှင်တူအသင်းတွေဖြစ်ပြီး ချယ်လ်ဆီးအသင်းက မာမာဒူးဆားကို ပြီးခဲ့တဲ့နွေရာသီမှာ စထရာဘိုးကနေ ခေါ်ယူကာ (၈)နှစ်စာချုပ် ချုပ်ဆိုထားတာပါ။
ဒါပေမဲ့ စထရာဘိုးအသင်းမှာပဲ အငှားပြန်ကစားစေခဲ့ပြီး လက်ရှိအချိန်မှာတော့ ခံစစ်ပိုင်းကို အားဖြည့်ဖို့အတွက် ပြန်လည်ခေါ်ယူဖို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။
ချယ်လ်ဆီးအသင်းရဲ့နည်းပြ လီယမ်ရိုစီနီယာက စထရာဘိုးအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ မာမာဒူဆားကို ချယ်လ်ဆီးအသင်းဆီ ခေါ်ယူအသုံးပြုဖို့ လိုလားနေတာကြောင့်လည်း အခုလို ညှိနှိုင်းဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။
အန်ဆယ်လ်မီနိုကတော့ ၂၀၂၄ နွေရာသီမှာ ဘိုကာဂျူနီယာကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ဘိုကာဂျူနီယာမှာ အငှားပြန်ချထားခဲ့သလို၊ ဒီရာသီမှာလည်း ဒေါ့မွန်အသင်းထံ အငှားချထားခဲ့တာပါ။
ဒါပေမဲ့ ဒေါ့မွန်မှာ ပွဲကစားခွင့်မရတာကြောင့် ပြီးခဲ့တဲ့ဇန်နဝါရီမှာ ပြန်ခေါ်ခဲ့ပြီး အခု စထရာဘိုးအသင်းထံ အငှားချဖို့ စီစဉ်နေခြင်းဖြစ်ပါတယ်။
ဒီကစားသမားနှစ်ဦးစလုံးက အသက်(၂၀)အရွယ်သာ ရှိသေးကြောင်း သိရပါတယ်။















