အက်သလက်တီကိုအသင်းက အတ္တလန်တာအသင်းရဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး လွတ်ခ်မန်းကို ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
လွတ်ခ်မန်းဟာ လက်ရှိအချိန်မှာ မက်ဒရစ်မြို့ကို ရောက်ရှိနေပြီဖြစ်ပြီး ဒီနေ့ ဆေးစစ်မှုပြုလုပ်ပြီးရင် အက်သလက်တီကိုအသင်းနဲ့ စာချုပ်ချုပ်ဆိုမယ်လို့ သိရပါတယ်။
အက်သလက်တီကိုအသင်းဟာ လွတ်ခ်မန်းအတွက် ကနဦးပြောင်းရွှေ့ကြေး ယူရို(၃၅)သန်းနဲ့ Add-ons ကြေး ယူရို(၅)သန်း ပေးချေရမှာဖြစ်ပြီး ၂၀၃၀ အထိ စာချုပ်ချုပ်ဆိုဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
လွတ်ခ်မန်း(၂၈ နှစ်)ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို အင်္ဂလန်ကလပ် ချာလ်တန်အသင်းမှာ အစပြုခဲ့သူဖြစ်ပြီး အဲဗာတန်၊ ဖူလ်ဟမ်(အငှား)၊ လက်စတာ(အငှား)တွေမှာလည်း ကစားခဲ့ဖူးပါတယ်။
လွတ်ခ်မန်းဟာ အက်သလက်တီကိုအသင်းမှာ ကစားခွင့်ရတဲ့ ပထမဆုံးနိုင်ဂျီးရီးယားကစားသမားအဖြစ် မှတ်တမ်းဝင်မယ်လို့ သိရပါတယ်။















