ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံလုပွဲ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး အာတေတာ အောင်ပွဲခံဖို့ ၀ိုင်ပုလင်းဖွင့်နိုင်ပြီလို့ ဂျေမီရက်နက်ပ် သုံးသပ်

ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံလုပွဲ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး အာတေတာ အောင်ပွဲခံဖို့ ၀ိုင်ပုလင်းဖွင့်နိုင်ပြီလို့ ဂျေမီရက်နက်ပ် သုံးသပ်
Photo: X
Photo: X
Published 2 February 2026

နာမည်ကျော် ဘောလုံးသုံးသပ်သူတစ်ဦးဖြစ်တဲ့ ဂျေမီရက်နက်ပ်က ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံလုပွဲ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး အာဆင်နယ်နည်းပြ အာတေတာအနေနဲ့ အောင်ပွဲခံဖို့ ၀ိုင်ပုလင်းဖွင့်နိုင်ပြီလို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

အခုတစ်ပတ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၄)မှာ အာဆင်နယ်က လိဒ်စ်ကို (၄-၀)ဂိုးနဲ့ အနို်င်ရခဲ့ပြီး မန်စီးတီးက စပါးနဲ့ (၂-၂)ဂိုးသရေကျကာ အက်စတွန်ဗီလာက ဘရန့်ဖို့ဒ်ကို (၀-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ဒါကြောင့် ရာသီပြီးဆုံးဖို့ (၁၄)ပွဲအလိုမှာ အာဆင်နယ်အသင်းက မန်စီးတီးကို (၆)မှတ်၊ အက်စတွန်ဗီလာကို (၇)မှတ် ဖြတ်နိုင်ခဲ့ပါတယ်။

''မီခေးလ်အာတေတာက ဒီနေ့နေ့လယ် သူ့အိမ်မှာ ပြိုင်ဘက်နှစ်သင်းရဲ့ပွဲတွေကိုကြည့်ရင်း အောင်ပွဲခံဖို့ တွေးနေပါလိမ့်မယ်။ ညကျရင် သူ Rioja (စပိန်ဝိုင်ပုလင်း)ကို ဖွင့်ပါလိမ့်မယ်။ ကျွန်တော်ကတော့ ချန်ပီယံဆုက အာဆင်နယ်အတွက် ဖြစ်သွားပြီလို့ ထင်ပါတယ်။ သူတို့က (၈)မှတ်၊ (၁၀)မှတ်လောက် ဖြတ်နိုင်လိမ့်မယ်လို့လည်း ထင်ပါတယ်။ အဲဒီလို မလုပ်နိုင်ရင်သာ ကျွန်တော် အံ့သြမိမှာပါ'' လို့ ဂျေမီရက်နက်ပ်က ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၂၀၀၃-၀၄ ရာသီမှာ ရှုံးပွဲမရှိရလဒ်နဲ့ ရယူခဲ့ပြီးနောက်ပိုင်း ချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့ပြီး ဒီရာသီမှာတော့ ရာသီစကတည်းက ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်နေခဲ့တာပါ။

Most Read

Most Recent