ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ Play-offs အဆင့်အတွက် မဲခွဲပွဲကို ဒီနေ့ မြန်မာစံတော်ချိန် ညနေ (၅း၃၀)နာရီမှာ ပြုလုပ်မှာဖြစ်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ Play-offs အဆင့်အတွက် မဲခွဲပွဲကို ဒီနေ့ မြန်မာစံတော်ချိန် ညနေ (၆း၃၀)နာရီမှာ ပြုလုပ်မယ်လို့ သိရပါတယ်။
ပြိုင်ပွဲနှစ်ခုစလုံးအတွက် မဲခွဲပွဲတွေကို ဆွစ်ဇာလန်နိုင်ငံ၊ နီယွန်မြို့က ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) ရုံးချုပ်မှာ ပြုလုပ်သွားမှာဖြစ်ပြီး UEFA ဝက်ဘ်ဆိုက်ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။
Play-offs အဆင့်မှာ ဆီဒင်ရအသင်းတွေနဲ့ ဆီဒင်မဲ့အသင်းတွေ တွဲဖက်ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် အဲဒီအတွက် မဲနှိုက်ရွေးချယ်မှာဖြစ်ပြီး ဆီဒင်ရအသင်းတွေက ဒုတိယအကျော့ပွဲစဉ်ကို အိမ်ကွင်းမှာ လက်ခံကစားရမယ်လို့ သိရပါတယ်။
Play-offs အဆင့်မှာ လိဂ်အဆင့်ရဲ့ ရပ်တည်မှုအပေါ်မူတည်ပြီး ဆုံတွေ့ရနိုင်ခြေရှိတဲ့အသင်းတွေ ပေါ်ထွက်နေပြီဖြစ်တာကြောင့် မဲခွဲပွဲက စိတ်လှုပ်ရှားစရာ မကောင်းတော့ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ချန်ပီယံလိဂ် Play-offs အဆင့် ပထမအကျော့ကို ဖေဖော်ဝါရီ(၁၇၊ ၁၈)၊ ဒုတိယအကျော့ကို ဖေဖော်ဝါရီ(၂၄၊ ၂၅)မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ယူရိုပါလိဂ် Play-offs အဆင့် ပထမအကျော့ကို ဖေဖော်ဝါရီ(၁၉)၊ ဒုတိယအကျော့ကို ဖေဖော်ဝါရီ(၂၆)မှာ ယှဉ်ပြိုင်ရမှာပါ။















