■  နိုင်ငံတကာနှင့် ပြည်တွင်းအခြေစိုက် နိုင်ငံခြားသံရုံးများမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများက လက်ရှိရွေးကောက်ပွဲအပေါ် ပြီးပြည့်စုံမှုရှိပြီး တာဝန်ခံမှုအပြည့်ဖြင့် အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ဟု မှတ်ချက်ပေးခဲ့ကြကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား 

■  နိုင်ငံတကာနှင့် ပြည်တွင်းအခြေစိုက် နိုင်ငံခြားသံရုံးများမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများက လက်ရှိရွေးကောက်ပွဲအပေါ် ပြီးပြည့်စုံမှုရှိပြီး တာဝန်ခံမှုအပြည့်ဖြင့် အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ဟု မှတ်ချက်ပေးခဲ့ကြကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား 
Published 1 January 2026

နိုင်ငံတကာနှင့် ပြည်တွင်းအခြေစိုက် နိုင်ငံခြားသံရုံးများမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများက လက်ရှိရွေးကောက်ပွဲအပေါ် ပြီးပြည့်စုံမှုရှိပြီး တာဝန်ခံမှုအပြည့်ဖြင့် အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ဟု မှတ်ချက်ပေးခဲ့ကြကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြောကြားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး (၆/၂၀၂၅) ကို ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ရုံးအမှတ် (၁၈) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များက video conference စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ဒီဇင်ဘာ ၂၈ ရက်တွင် မြို့နယ် ၁၀၂ မြို့နယ်၌ အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း၊ နိုင်ငံတော်၏ လုပ်ဆောင်ချက်များအပေါ် ပြည်သူလူထုမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။ 

ထို့ပြင် နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာများ၊ နိုင်ငံတကာနှင့် ပြည်တွင်းအခြေစိုက် နိုင်ငံခြားသံရုံးများမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကလည်း သက်ဆိုင်ရာမဲရုံများသို့ သွားရောက်၍ စောင့်ကြည့်လေ့လာမှုများ ဆောင်ရွက်ခဲ့ကြပြီး လုပ်ငန်းစဉ်များအားလုံးတွင် ပြီးပြည့်စုံမှုရှိပြီး တာဝန်ခံမှုအပြည့်အဝဖြင့် အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ဟု မှတ်ချက်များ ပေးခဲ့ကြသည်ကို တွေ့ရှိရကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။ 

ထို့ကြောင့် ဆက်လက်ဆောင်ရွက်ရန်ရှိသည့် ပြည်သူလူထုက လိုလားတောင့်တလျက်ရှိသော လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း ၂ နှင့် အပိုင်း ၃ တို့ကိုလည်း အောင်မြင်စွာ ကျင်းပပြီးဆုံးသည်အထိ အစိုးရအဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းပါဝင်၍ ကဏ္ဍအသီးသီးမှ ဆောင်ရွက်သွားကြရန် နိုင်ငံတော်ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ၊ တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများနှင့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှု တားဆီးကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်၍ အစဉ်တစိုက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊  နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေး အပါအဝင် ဒေသထွက်ကုန်ကြမ်းများကို အသုံးပြုသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် စီးပွားရေးကောင်းမွန်မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

“နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” ဆိုသည့် ဆောင်ပုဒ်နှင့် အညီ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ သဘာဝတောများ ထိန်းသိမ်းခြင်း၊ လေကာတန်းများ စိုက်ပျိုးခြင်း၊ ရေရှည်တည်တံ့သော စိုက်ပျိုးနည်းစနစ်များ ကျင့်သုံးခြင်း၊ ရေအရင်းအမြစ်များ စနစ်တကျစီမံခြင်း စသည့်နည်းလမ်းကိုလည်း ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြာသည်။

ထို့ပြင် ယခုအချိန်သည် ပွင့်လင်းခြောက်သွေ့သည့် ရာသီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်မဖြစ်ပွားအောင် ဂရုပြုကြရန်လိုကြောင်း၊ မီးလောင်ကျွမ်းမှုအများစုသည် ပေါ့ဆမှုကြောင့်ဖြစ်ပွားရခြင်းဖြစ်သဖြင့် မီးအသုံးပြုမှု စနစ်တကျရှိရန်လိုအပ်ကြောင်း၊ လျှပ်စစ်မီးအသုံးပြုရာတွင် ဝိုင်ယာလျှော့ဖြစ်ပွားခြင်းကဲ့သို့ ပေါ့ဆမှုကြောင့် မီးလောင်မှုများပြားသည်ကို တွေ့ရသည့်အတွက် အသိပညာပေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြာသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ လူငယ်များအားလုံး ပညာသင်ကြားနိုင်ရေးကို စီမံဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အခမဲ့ပညာရေးစနစ်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်ပေးနေကြောင်း၊ လာမည့်ဖေဖော်ဝါရီလတွင် အခြေခံပညာမူလတန်းအဆင့် ပြီးမြောက်မှု စစ်ဆေးခြင်း Grade-5 ၊ အလယ်တန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း Grade-9 စာမေးပွဲများနှင့် ကျန်ရှိသည့် အခြေခံပညာအတန်းများအတွက် ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများ ဖြေဆိုကြရမည် ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။ 

ထို့ကြောင့် ကျောင်းသား ကျောင်းသူများ အောင်မြင်စွာ ရာနှုန်းပြည့်ဖြေဆိုနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရနှင့် ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

ကျန်းမာရေးနှင့်ပတ်သက်၍ နိုင်ငံတစ်ဝန်းရှိ ဆေးရုံများတွင် ကျန်းမာရေးဝန်ထမ်းများ နှစ်စဉ်ဖြည့်ဆည်းခန့်ထားပေးလျက်ရှိပြီး ရောဂါမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ရောဂါဖြစ်ပွားလာပါကလည်း အရည်အသွေးပြည့်ဝသည့် ဆေးဝါးကုသမှုပေးနိုင်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

ဘဏ္ဍာရေးနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှစ်အလိုက် လျာထားခွင့်ပြုထားသည့် ဘဏ္ဍာငွေများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်းများကိုလည်း သတ်မှတ်ထားသည့် ဘဏ္ဍာရေးနှစ်မကုန်မီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အမျိုးသားစာရင်းအင်းစနစ် ခိုင်မာအားကောင်းရေးသည် အထူးလိုအပ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။ 

စာရင်းဇယားများ မှန်ကန်တိကျမှုရှိစေရေး ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တင်ပြသည့် စာရင်းဇယားအချက်အလက်များသည် မြေပြင်အခြေအနေနှင့် အနီးစပ်ဆုံး မှန်ကန်မှုရှိမှသာလျှင် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်ကို သုံးသပ်သိရှိနိုင်မည်ဖြစ်သကဲ့သို့ သုံးသပ်မှု မှန်ကန်မှသာလျှင် မှန်ကန်သည့်ဆုံးဖြတ်ချက်များနှင့် မူဝါဒများကို ချမှတ်အကောင်အထည်ဖော်ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက အမှာစာများအား ရှင်းလင်းဖတ်ကြားကြပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြကြောင်း သိရသည်။

ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ထောင်စုဝန်ကြီးများ၏ တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

 

Most Read

Most Recent