■ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု တောင်ကြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်သည့် လက်ရှိ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် PNO ပါတီကိုယ်စားလှယ်လောင်းအား ရှုံးနိမ့်

■ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု တောင်ကြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်သည့် လက်ရှိ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် PNO ပါတီကိုယ်စားလှယ်လောင်းအား ရှုံးနိမ့်
Published 30 December 2025

■ တောင်ကြီးနှင့် လွိုင်လင်မြို့နယ်ရှိ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်နှင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တို့အားလုံးတွင် PNO ပါတီက အနိုင်ရရှိထား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု တောင်ကြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်သည့် လက်ရှိ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီကိုယ်စားလှယ်လောင်း ဒေါ်နန်းကျင်း (ခ) ဒေါ်နန်းစိန်အား ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း ဦးအောင်အောင်သည် မဲရလဒ် ၅၂ဝဝဝ ကျော်ရရှိပြီး PNO ပါတီကိုယ်စားလှယ်လောင်း ဒေါ်နန်းကျင်း (ခ) ဒေါ်နန်းစိန်သည် ၆၈ဝဝဝ ခန့်ရရှိကာ မဲရလဒ် ၁၆ဝဝဝ ကျော်အကွာဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် PNO ပါတီကိုယ်စားလှယ်လောင်း ခွန်ကြည်က အနိုင်ရရှိခဲ့သည်။

အလားတူ လွိုင်လင်မြို့နယ်တွင် PNO ပါတီမှ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင်  ကိုယ်စားလှယ်လောင်း ခွန်အောင်ဆန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ခွန်သက်နိုင်တို့ အနိုင်ရရှိခဲ့သည်။

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၆) တွင်ပါဝင်သည့် တောင်ကြီးမြို့နယ်နှင့် လွိုင်လင်မြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် PNO ပါတီကိုယ်စားလှယ်လောင်း ခွန်တင်ထွဋ်က အနိုင်ရရှိခဲ့သည်။

PNO ပါတီသည် ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်နှင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တို့တွင်လည်း အနိုင်ရရှိထားသည်။

ရှမ်းပြည်နယ် လင်းခေးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းထွန်းစံ (ခ) စိုင်းဆေဟန် အနိုင်ရရှိထားသည်။

ရွေးကောက်ပွဲအပိုင်း (၁) ရှိ ရှမ်းပြည်နယ် ကျန်မဲဆန္ဒနယ်များ၌  ပြည်ခိုင်ဖြိုးပါတီက မဲအသာစီးရထားကြောင်း သိရသည်။

 

Most Read

Most Recent