■ ပြည်သူ့ရှေ့ဆောင်ပါတီ၏ ရန်ကုန်တိုင်းဒေသကြီး လူထုတွေ့ဆုံပွဲ သာကေတမြို့နယ်ရှိ တိုင်းရင်းသားကျေးရွာတွင် ပြုလုပ်

■ ပြည်သူ့ရှေ့ဆောင်ပါတီ၏ ရန်ကုန်တိုင်းဒေသကြီး လူထုတွေ့ဆုံပွဲ သာကေတမြို့နယ်ရှိ တိုင်းရင်းသားကျေးရွာတွင် ပြုလုပ်
Published 25 December 2025

ပြည်သူ့ရှေ့ဆောင်ပါတီ၏ ရန်ကုန်တိုင်းဒေသကြီး လူထုတွေ့ဆုံပွဲ သာကေတမြို့နယ်ရှိ တိုင်းရင်းသားကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့တွင် သာကေတမြို့နယ် တိုင်းရင်းသားကျေးရွာရှိ ပြည်ထောင်စုခန်းမတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ရှေ့ဆောင်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

“ကျွန်မတို့ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မြေပြင်မှာ စည်းရုံးရေးဆင်းခြင်းအားဖြင့် ပါတီအသစ်တရပ်ပေါ်ပေါက်လာတယ်ဆိုတာကိုသတိပြုမိ ကြစေဖို့ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ၂၀၂ဝပြည့်နှစ် ရွေးကောက်ပွဲကအတွေ့အကြုံကို သင်ခန်းစာ ယူပြီး ၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ပုံစံနဲ့ ဝင်ရောက်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်” ဟု ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဥက္ကဌ ဒေါက်တာ သက်သက်ခိုင်က အဆိုပါ အခမ်းအနားတွင်ပြောကြားသည်။

ယင်းအခမ်းအနားတွင် လွှတ်တော်သုံးရပ်၌ ပါဝင်ယှဉ်ပြိုင်မည့် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများကို မိတ်ဆက်ပေးခြင်းများပြုလုပ်ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ဒေါက်တာသက်သက်ခိုင်နှင့် ကိုယ်စားလှယ်လောင်း များက ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent