■ NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ တတိယနေ့ စကားဝိုင်းဆွေးနွေးမှုများ ဆက်လက်ကျင်းပ

■ NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ တတိယနေ့ စကားဝိုင်းဆွေးနွေးမှုများ ဆက်လက်ကျင်းပ
Published 17 October 2025

NCA  (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ တတိယနေ့ အစီအစဉ်များအား ယနေ့(အောက်တိုဘာ ၁၇ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ဆက်လက်ကျင်းပလျက်ရှိသည်။

အဆိုပါ တတိယနေ့ အစီအစဉ်တွင် NCA ၁ဝ နှစ်တာကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်နိုင်မှုများ၊ အောင်မြင်မှုများနှင့် သင်ခန်းစာများကို သုံးသပ်ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပြန်လည်စုံလင်စွာ ပါဝင်လာနိုင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိန်ခေါ်မှုနှင့် ပြဿနာအကြောင်းအရာများအပေါ် ရေတို၊ ရေရှည်ဆောင်ရွက်နိုင်မည့် နည်းဗျူဟာများ ဖော်ထုတ်ခြင်း ခေါင်းစဉ်များ ပါဝင်သည်။

ယင်းအစီအစဉ်တွင် Moderator အဖြစ် ဗိုလ်ချုပ်စိုးနိုင်ဦး(ငြိမ်း) က ဆောင်ရွက်ပြီး ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း)၊ ဦးအောင်နိုင်ဦးနှင့် EAO အဖွဲ့များက ဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။

Most Read

Most Recent