■  ကစားသမားအားလုံးအတွက် ကမ်းလှမ်းမှုများကို မန်ယူနိုက်တက် လက်ခံစဉ်းစားမည်     

■  ကစားသမားအားလုံးအတွက် ကမ်းလှမ်းမှုများကို မန်ယူနိုက်တက် လက်ခံစဉ်းစားမည်     
Photo: Getty Images
Photo: Getty Images
Published 23 May 2025

မန်ချက်စတာယူနိုက်တက်အသင်းသည် လာမည့်နွေရာသီတွင် အသင်းမှ ကစားသမားအားလုံးအတွက် ကမ်းလှမ်းမှုများကို လက်ခံစဉ်း စားမည်ဖြစ်ကြောင်း သိရသည်။ 

မန်ချက်စတာယူနိုက်တက်အသင်းသည် လာမည့်နွေရာသီတွင် ကစားသမားအပြောင်းအလဲများစွာ ပြုလုပ်သွားရန် စီစဉ်နေကြောင်း သိရသည်။ 

ထို့ကြောင့် မန်ချက်စတာယူနိုက်တက်အသင်းသည် ကစားသမားသစ်များစွာကို ပစ်မှတ်ထားနေသလို၊ အသင်းမှ ကစားသမားများအတွက် ကမ်းလှမ်းမှုများကိုလည်း လက်ခံစဉ်းစားသွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

မန်ချက်စတာယူနိုက်တက်အသင်းသည် ယခုရာသီ၌ အငှားချထားသည့် ကစားသမားများကို ရောင်းထုတ်ပစ်ရန် အလားအလာများနေကြောင်းလည်း သိရသည်။

ထို့ပြင် မန်ချက်စတာယူနိုက်တက်အသင်းသည် အသင်းတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသည့် တိုက်စစ်မှူး ဟွိုင်လန်းနှင့် တောင်ပံကစားသမား ဂါနာချိုတို့ကိုလည်း ရောင်းထုတ်ဖွယ်ရှိကြောင်း သိရသည်။ 

Most Read

Most Recent