PSG အသင်းသည် အားကစားဒါရိုက်တာ လူးဝစ်ကမ်ပို့စ်ကို ၂၀၃၀ ခုနှစ်အထိ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက် ကြောင်း သိရသည်။
PSG အသင်းသည် ပေါ်တူဂီလူမျိုး လူးဝစ်ကမ်ပို့စ်(၆၀ နှစ်)ကို ၂၀၂၂ ခုနှစ်တွင် ဘောလုံးအကြံပေးအဖြစ် ခေါ်ယူခန့်အပ်ခဲ့ပြီးနောက် အားကစားဒါရိုက်တာအဖြစ် ပြောင်းလဲတာဝန်ပေးခဲ့ခြင်းဖြစ်သည်။
၎င်း၏ စာချုပ်သက်တမ်း မှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ခေါ်ယူရန် စိတ်ဝင်စားသည့် အသင်းများစွာ ရှိနေသော်လည်း PSG အသင်းက ၂၀၃၀ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။















