အာဆင်နယ်နည်းပြ အာတီတာက ဂါနာလက်ရွေးစင်ကွင်းလယ်ကစားသမား ပါတေးကို အသင်းတွင် ဆက်ရှိစေလိုသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
လာမည့်ဇွန်လတွင် အသက် (၃၂)နှစ်ပြည့်မည့် ပါတေးသည် ယခုရာသီတွင် အမာခံကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့သူဖြစ်သည်။
ထို့ကြောင့် အာဆင်နယ်အသင်းသည် ၎င်းကို သက်တမ်းတိုး၍ အသင်းတွင် ဆက်လက်ထိန်းသိမ်းထားရန် ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအတွက် ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ပြီး သဘောတူညီမှုရရှိရန် နီးစပ်နေပြီဖြစ်ကြောင်းလည်း သိရသည်။
ပါတေးသည် ယခုရာသီတွင် အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ (၅၁) ပွဲအထိ ပါဝင်ကစားထားပြီး (၄) ဂိုး သွင်းယူပေးထားသည်။















