အာနိုးလ်ကို လီဗာပူးလ်ပရိသတ်တွေ အမြင်မကြည်ကြဘူး။ ရီးယဲလ်နဲ့ အပြောင်းအရွှေ့ သတင်း သေချာသလောက်ဖြစ်လာပြီးနောက် အာနိုးလ်ကို လီဗာပူးလ်ပရိသတ် ဒေါသူပုန်ထခဲ့ပါပြီ။ "အာနိုးလ်ကို ပွဲလုံးဝပေးမကစားနဲ့တော့"၊ "အာနိုးလ်ကို ဒုတိယအသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ပစ်လိုက်"စတဲ့ တောင်းဆိုသံတွေ ဆူညံနေတယ်။ လီဗာပူးလ်ပရိသတ်တွေရဲ့ ခံစားချက်ကို နားလည်ပေးနိုင်ပေမဲ့ အစွန်းရောက်တုံ့ပြန်မှု တွေလည်း မြင်နေရတယ်။ အန်ဖီးလ်ကွင်းနားက အာနိုးလ်ပုံတူ နံရံပန်းချီဘေးမှာ ရေးသားထားတဲ့ "ကျွန်တော်က သာမန်ကောင်လေးပါ"ဆိုတဲ့ နာမည်ကျော်စာသားကိုပါ ကိုးကားပြီး လှောင်ပြောင်နေကြတယ်။
အာနိုးလ်ကို လီဗာပူးလ်ပရိသတ်တွေ အမြင်မကြည်ကြဘူး။ ရီးယဲလ်နဲ့ အပြောင်းအရွှေ့ သတင်း သေချာသလောက်ဖြစ်လာပြီးနောက် အာနိုးလ်ကို လီဗာပူးလ်ပရိသတ် ဒေါသူပုန်ထခဲ့ပါပြီ။ "အာနိုးလ်ကို ပွဲလုံးဝပေးမကစားနဲ့တော့"၊ "အာနိုးလ်ကို ဒုတိယအသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ပစ်လိုက်"စတဲ့ တောင်းဆိုသံတွေ ဆူညံနေတယ်။ လီဗာပူးလ်ပရိသတ်တွေရဲ့ ခံစားချက်ကို နားလည်ပေးနိုင်ပေမဲ့ အစွန်းရောက်တုံ့ပြန်မှု တွေလည်း မြင်နေရတယ်။ အန်ဖီးလ်ကွင်းနားက အာနိုးလ်ပုံတူ နံရံပန်းချီဘေးမှာ ရေးသားထားတဲ့ "ကျွန်တော်က သာမန်ကောင်လေးပါ"ဆိုတဲ့ နာမည်ကျော်စာသားကိုပါ ကိုးကားပြီး လှောင်ပြောင်နေကြတယ်။ အာနိုးလ်အတွက် နှုတ်ဆက်ပွဲ မလုပ်ပေးနဲ့၊ ဖလားရလည်း အောင်ပွဲမခံခိုင်းနဲ့ ဆိုတာမျိုးကလည်း မဖြစ်သင့်တဲ့တောင်းဆိုသံတွေပါ။ လူကြီးလူကောင်းမဆန်တဲ့ အတွေးအခေါ် မျိုးပါ။ အာနိုးလ်က သစ္စာဖောက်တစ်ယောက်မှ မဟုတ်တာလေ။
လီဗာပူးလ်က ဘာလို့များ မရှိမဖြစ် ကြယ်ပွင့်ကို စာချုပ်သက်တမ်းမတိုးခဲ့တာလဲ။ အသက်သုံးဆယ်ကျော်ကစားသမားတွေကို နှစ်ရှည်စာချုပ် မချုပ်တဲ့မူဝါဒရှိပေမဲ့ အသက်(၂၆)နှစ်အရွယ် အာနိုးလ်ရဲ့စိတ်ကိုဆွဲဆောင်မယ့် စာချုပ်အသစ် ဘာလို့မကမ်းလှမ်းတာလဲ။ ခြောက်နှစ်အရွယ်ကတည်းက လီဗာပူးလ်ကိုရောက်လာပြီး ပြိုင်ပွဲစုံ ပွဲ(၃၅၀)ကျော် ကစားထားသူ၊ လီဗာပူးလ်တစ်ခေတ်ရဲ့အထူးချွန်ဆုံးသူရဲကောင်းကို ဘာလို့များ တန်ဖိုးထားမဆက်ဆံခဲ့တာလဲ။
လီဗာပူးလ်ကနေ ရီးယဲလ်ကိုပြောင်းဖူးတဲ့ ကွင်းလယ်လူဟောင်း မက်မက်နာမန်က "အာနိုးလ် တစ်ယောက် မမျှမတဆက်ဆံခံနေရတယ်"လို့ သုံးသပ်ပါတယ်။ "အာနိုးလ်က လီဗာပူးလ်အကယ်ဒမီထွက်ကစားသမားတွေထဲ အထူးချွန်ဆုံး၊ လီဗာပူးလ်အတွက် သိပ်ပြီးကောင်းမွန်တဲ့အရာတွေလုပ်ပြပြီးအမွေအနှစ်ချန်ထားခဲ့တယ်"မက်မက် နာမန်က ဆိုပြီး ချီးကျူးတယ်။ အာနိုးလ်က သူ့ကိုယ် သူ Version မြှင့်ချင်နေပါတယ်။ လီဗာပူးလ်မှာသူရနိုင်သမျှအရာအားလုံး ပိုင်ဆိုင်ခဲ့ပြီးပြီ။ သူ ထပ်ပြီးလုပ်ပြစရာမကျန်တော့ဘူး။ တကယ်လို့များသူ အမှားကျူးလွန်မယ်ဆိုရင်တော့ ဝေဖန်ခံရမယ်။ လက်ရှိရာသီ မန်ယူနိုက်တက်နဲ့ ပွဲတုန်းကလိုပေါ့။
အာနိုးလ်ကို လီဗာပူးလ်ပရိသတ်တွေကိုယ်တိုင်Blame ခဲ့ကြတယ်။ အဲဒီဖြစ်ရပ်ဟာ အာနိုးလ်အတွက် ရင်နာစရာပါ။ အာနိုးလ်ရဲ့ လီဗာပူးလ် ကစားသမားဘဝရွှေအိုရောင်အတိတ်ကို စော်ကားလိုက်တာပါပဲ။
၂၀၁၇-၁၈ ဘောလုံးရာသီကစတင်ပြီး ဥရောပထိပ်တန်းလိဂ်ငါးခုမှာ အာနိုးလ်ထက် ဂိုးဖန်တီးမှုနဲ့ အခွင့်အရေးဖန်တီးမှု လုပ်ထားနိုင်သူ မရှိပါဘူး။ ဖြတ်တင်ဘောအပါအဝင် ပြိုင်ဘက်ကွင်းဘက်ခြမ်းထဲ ဘောလုံးပေးပို့တာ အများဆုံးကစားသမားအဖြစ်လည်း အာနိုးလ် ရပ်တည်ခဲ့တယ်။ အာနိုးလ်က Open Play ကနေ အခွင့်အရေးဖန်တီးမှု (၃၁၈)ကြိမ်၊ ဂိုးဖန်တီးမှု (၆၄)ကြိမ်၊ ဖြတ်တင်ဘောပေးပို့မှု (၁၁၀၅)ကြိမ် လုပ်ခဲ့တာပါ။
လီဗာပူးလ်ပရိသတ်တွေ အာနိုးလ်ကို ဂျရတ်လိုမျိုး ဖြစ်စေချင်နေတာပါ။ ရီးယဲလ်ကို သောက်ဂရုမစိုက်တဲ့ လီဗာပူးလ်သစ္စာရှင်ကြီးအဖြစ် မျှော်လင့်ခဲ့တာပါ။ ဒါပေမဲ့ ဂျရတ်ရဲ့လီဗာပူးလ်ကစားသမားဘ၀ အောင်မြင်မှုက မပြည့်စုံခဲ့ဘူး။ အာနိုးလ်လောက် မခမ်းနားဘူး။ ပရီးမီးယားလိဂ်ဖလား မရခဲ့တာ ဂျရတ်အတွက် ရင်နာစရာအကောင်းဆုံးပဲ။ ပရီးမီးယားလိဂ်ဖလားမျှော်လင့်ချက်နဲ့ ဂျရတ်ဟာ လီဗာပူးလ်ကို သစ္စာမြဲခဲ့တာပါ။ ဒါပေမဲ့ ဂျရတ်ဟာ Slip Story နဲ့ပဲ အဆုံးသတ်ခဲ့ရတယ်။ လီဗာပူးလ်ရဲ့ချန်ပီယံအိပ်မက်ဟာ ဂျရတ် ခြေချော်လဲလို့ ပြိုကွဲခဲ့ရတယ်။ အဲဒီဖြစ်ရပ်ဟာ ဂျရတ်အတွက် သမိုင်းဝင်အမည်းစက်ဖြစ်ပြီး လှောင်ပြောင်ခဲ့သူတွေ ထဲ လီဗာပူးလ်ပရိသတ်အနည်းငယ်လည်း ပါဝင်ခဲ့တယ်။
အာနိုးလ်ရဲ့အနာဂတ်က ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ။ ရီးယဲလ်ကို သူသွားလည်း ဘာများပြောလို့ရမှာလဲ။ သူ့ရွေးချယ်မှုပဲ မဟုတ်လား။ ဘာလို့များ အာနိုးလ်ပေးတဲ့ ပျော်ရွှင်ဖွယ်ရာအတိတ်ကို မေ့ပစ် ချင်နေတာလဲ။ အာနိုးလ်က လီဗာပူးလ်တစ်ခေတ်ရဲ့အထူးချွန်ဆုံးတစ်ယောက်ပါ။ ဆေးစက်ကျရာ အရုပ်ထင် နေရာစုံအသုံးတော်ခံခဲ့သူပါ။ အာနိုးလ်က အာဂပုဂ္ဂိုလ်ပါ။ သူလိုလူမျိုးအတွက် လှောင်ရယ်သံဟာ မဖြစ်သင့်ပါဘူး။ လမ်းခွဲစကားဆိုပြီး နောက်လီဗာပူးလ်ပရိသတ်တွေနဲ့ အန်ဖီးလ်ကွင်းထဲ ပထမဆုံး ပြန်လည်ဆုံတွေ့ချိန်မှာ အာနိုးလ်လှောင်ပြောင်ခံလိုက်ရတာပါပဲ။ အာနိုးလ်စော်ကား ခံလိုက်ရတာပါပဲ။ လီဗာပူးလ်ပရိသတ်တွေရဲ့ခံစား ချက်ဟာ တကယ်မမိုက်ပါဘူး။ လှောင်ရယ်သံတွေ ကြားထဲ အာနိုးလ်အတွက် လက်ခုပ်သံတွေလည်း ရှိခဲ့ပါတယ်။ တကယ်ဆိုရင် လက်ခုပ်သံတွေပဲ ရှိ သင့်တာမဟုတ်လား။ အာနိုးလ်နဲ့ လီဗာပူးလ်မှာ (၈)နှစ်ကြာ အသင်းဖော်ဖြစ်ခဲ့သူ ရောဘတ်ဆန်က "လှောင်ရယ်သံတွေကြားရတာ စိတ်ပျက်စရာပါ" လို့ ပြစ်တင်တယ်။
BBC က အာနိုးလ်အကြောင်း လီဗာပူးလ် ပရိသတ်တွေကို မေးတဲ့အခါ "သူ့ပုံရိပ်သူ ဖျက်ဆီး ပစ်လိုက်တာပါ"၊ "တစ်ပြားမှမရဘဲ ဆုံးရှုံးလိုက်ရတာ ရင်အနာဆုံးပါ။ သူက လီဗာပူးလ်အသင်း ခေါင်းဆောင်ဘဝကို မလိုချင်ခဲ့ဘူး"လို့ ပြစ်တင်ကြတယ်။ စီရော်နယ်လ်ဒိုလိုဘဝမျိုး အာနိုးလ် မျှော်လင့်နေတာပါ။ ရီးယဲလ်ကို ပြောင်းပြီး Ballon d'Or အိပ်မက်မက်ချင်နေတာလို့ စပိန်ဂျာနယ်လစ် ဂီလမ်ဘယ်လာဂယ်က ပြောပါတယ်။ လီဗာပူးလ် က အာနိုးလ်အတွက် Comfort Zone ဖြစ်နေပါပြီ။ အသက်သုံးဆယ်မပြည့်ခင်မှာ စွန့်စားခန်းမဖွင့်ရင် သူ့အတွက် အချိန်မရှိတော့ဘူး။ လီဗာပူးလ် ပရိသတ်တွေအနေနဲ့ အာနိုးလ်ကို ကိုယ်ချင်းစာ စိတ်ထားစေချင်ပါတယ်။ ပြဿနာမရှာဘဲ လက်ခုပ်တီး ခွင့်လွှတ်ပေးစေချင်ပါတယ်။ သူက စပိန်ဘောလုံးလောကကို ချစ်မြတ်နိုးမိသွားတဲ့ လီဗာပူးလ်က ကောင်လေးတစ်ယောက်ပါ။
အာနိုးလ်က သစ္စာဖောက်လား၊ သူ့ရဲ့ စွန့် စားခန်းအသစ်အတွက် ရင်ခုန်မျှော်လင့်နေသူလား။ သူက လီဗာပူးလ်မှာ ဆက်နေသင့်လား၊ လီဗာပူးလ်က သူ့ကို တန်ဖိုးမထားခဲ့တာလား။ ပြဇာတ်ဆန်ဆန်ပြောရရင် ကိုယ့်ချစ်သူကောင်းစားရေးအတွက် လီဗာပူးလ်ပရိသတ်တွေ ခွင့်လွှတ်ပေးသင့်ပါတယ်။ လီဗာပူးလ်မှာ အာနိုးလ်လုပ်ပြစရာ ဘာမှမကျန်တော့ပါဘူး။
အာနိုးလ်ရောက်လာရင် ဖြစ်လာနိုင်မယ့် ရီးယဲလ်အသင်းရဲ့ကစားကွက် ၃ ခု
ရီးယဲလ်ရဲ့ကစားသမားခေ ါ် ယူမှုက တကယ်ချီးကျုးချင်စရာကောင်းတယ်။ ပြီးခဲတဲ့ နွေရာသီက အမ်ဘာပေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ သိမ်းပိုက်ခဲ့တယ်။ အခု အာနိုးလ်ကို အလွတ်ပြောင်းရွှေ့ ကြေးနဲ့ ထပ်ပြီးသိမ်းပိုက်ပါဦးမယ်။ ဥရောပထိပ်တန်းအသင်းတိုင်း လိုချင်တဲ့ အမ်ဘာပေ၊ အာနိုးလ်တို့လို ကြယ်ပွင့်တွေကို ပြောင်းရွှေ့ကြေးတစ်ပြားမှ မကုန်ဘဲ ရလိုက်တာ တကယ်ကံထူးမှုပါပဲ။ ပြောရမယ်ဆိုရင် ရီးယဲလ်က ပေါင်သန်းရာနဲ့ချီ ပေးရမယ့် ကစားသမားတွေကို အလကားရလိုက်တာပါ။ ရီးယဲလ်က တော်ဝင်ဂုဏ်ပုဒ်ကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်လို့ ကစားသမားတိုင်းရဲ့အိပ်မက်အသင်း ဖြစ်နေဆဲပါ။ အမ်ဘာပေဆိုရင် PSG မှာရှိစဉ်က တည်းက ရီးယဲလ်လက်ခုပ်ထဲကရေ ဖြစ်ခဲ့ပါတယ်။ PSG က စံချိန်တင်ပြောင်းရွှေ့ကြေး လိုချင်ပေမဲ့ အမ်ဘာပေရဲ့ရီးယဲလ်မှာ ကစားလိုစိတ်ကြောင့် နောက်ဆုံးမထိန်းနိုင်ဘဲ အလကားပေးလိုက်ရတာပါ။ အခု အာနိုးလ်လည်း ဒီလိုပါပဲ။ လီဗာပူးလ်ဘက်က စာချုပ်သက်တမ်းမတိုးနိုင်ဘဲ ရီးယဲလ် ကောက်စားတာခံရတော့မယ်။
လတ်တလောသတင်းတွေအရ လီဗာပူးလ် နဲ့ စာချုပ်သက်တမ်းကုန်တော့မယ့် အာနိုးလ်ကို ရီးယဲလ်ခေါ် ဖို့ အဆင်ပြေနေပါပြီ။ လက်ရှိရာသီကုန်ရင် အပြီးသတ်စာချုပ်ချုပ်ဖို့ပဲ ကျန်တဲ့အနေအထားမျိုးပါ။ အသက်(၂၆)နှစ်အရွယ် အကောင်းဆုံးအနေအထားမှာ စွယ်စုံရကစားသမား အာနိုးလ်ကို ရီးယဲလ် ပိုင်ဆိုင်လိုက်ရတာ တကယ်အဖိုးတန်လွန်းပါတယ်။ ဝါရင့်နောက်ခံလူ ကာဗာဟယ်လ်နေရာ အကောင်းဆုံးအစားထိုးနိုင်တာ ဖြစ်သလို၊ Central Zone ကနေ ဘောလုံးပေးပို့နိုင်စွမ်း နိမ့်ကျနေတဲ့ ရီးယဲလ်အတွက် အာနိုးလ်က အဖြေတစ်ခုပါ။ အာနိုးလ်ကို ဗဟိုပြုပြီး လာမယ့်ရာသီမှာ မြင်တွေ့ရမယ့် ရီးယဲလ်အသင်းရဲ့ကစားကွက်အခင်းအကျင်းကို ခန့်မှန်းဖော်ပြလိုက်ပါတယ်။
(၁) Traditional ၄-၃-၃
ဒီကစားကွက်မှာ အာနိုးလ်က ပုံမှန်အတိုင်း ညာနောက်ခံလူအဖြစ် အသုံးတော်ခံပါမယ်။ ရီးယဲလ်ခံစစ်လေးယောက်တန်းမှာ အာနိုးလ်နဲ့ အတူ ရီးယဲလ်နောက်ခံလူသစ် ဟူဆန်၊ ရူဒီဂါ၊ မန်ဒီတို့ ပါဝင်လာနိုင်တယ်။ ကွင်းလယ်သုံးယောက်တန်းမှာ ဇူဘီယာမန်ဒီကို ရခဲ့မယ်ဆိုရင် သူနဲ့အတူ ဘယ်လင်ဟမ်၊ ဗယ်လ်ဗာဒီတို့ ပွဲထွက်ပါလိမ့်မယ်။ တိုက်စစ်မှာ ဗင်နီစီယပ်စ်ရဲ့အနာဂတ် မတည်ငြိမ်ပေမဲ့ သူ့ကိုပဲ ဆက်လက်နေရာပေးထားချင်ပြီး အမ်ဘာပေ၊ ရိုဒရီဂိုတို့နဲ့အတူ ရှိနေမှာပါ။ ဒီကစားကွက် အခင်းအကျင်းမှာ မီလီတို၊ ကာဗာဟယ်လ်၊ ချူယာမန်နီတို့လို အရည်အသွေးမြင့်ကစားသမားတွေ နေရာပျောက်နေပေမဲ့ စိတ်လှုပ်ရှားစရာဟန်ကို မြင်ရနိုင်တယ်။ Quarterback-like Passing တွေ ခပ်များများမြင်ရနိုင်တဲ့ အခင်းအကျင်းပါပဲ။
(၂) အာနိုးလ်နဲ့ ကွင်းလယ်ညာခြမ်း
ယာဂန်ကလော့ပ်က အာနိုးလ်ရဲ့ Passing IQ ကို ယုံကြည်လွန်းပြီး တန်ဖိုးထားခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ညာနောက်ခံလူနေရာကနေ ဖြတ်တင်ပေး ပို့သူအဖြစ်သာမကဘဲ Central Zone ထဲဝင်ပြီး ဖန်တီးသူအဖြစ်ပါ ပြောင်းလဲခဲ့ပါတယ်။ ရီးယဲလ် နည်းပြ အန်ဆယ်လော့တီကလည်း အာနိုးလ်ကို ကွင်းလယ်တက်ကစားခိုင်းပြီး သူ့အသင်း တိုက်စစ်လမ်းကြောင်းကို ချဲ့ထွင်မှာပါ။ ဒီကစားကွက်ရဲ့ခံစစ်လေးယောက်တန်းမှာ ကာဗာဟယ်လ်၊ ဟူဆင်၊ ရူဒီဂါ၊မန်ဒီ၊ ကွင်းလယ်မှာ ဗယ်လ်ဗာဒီ နေရာပျောက်သွားပြီး အာနိုးလ်၊ ဘယ်လင်ဟမ်၊ ဇူဘီယာမန်ဒီတို့ ပွဲထွက်လာမှာဖြစ်ပါတယ်။တိုက်စစ်ကတော့ ပုံမှန်အတိုင်း ဗင်နီစီယပ်စ်၊ ရိုဒရီဂို၊ အမ်ဘာပေပါပဲ။ ပရီးမီးယားလိဂ်ပရိသတ်တွေကတော့ အာနိုးလ်ရဲ့ ကွင်းလယ်ကစားသမားဘဝကို ခံစားခွင့်ရဖူးပါတယ်။ သူက ဖန်တီးမှုတွေသာမကဘဲ ဂိုးတွေပါသွင်းပြဖူးလို့ ရီးယဲလ်ရောက်လာရင်လည်း အဲဒီလိုအရည်အသွေးမျိုး ထပ်ပြနိုင်ဖို့မျှော်လင့်ရ ပါတယ်။
(၃) ၃-၅-၂
အာနိုးလ်ရဲ့ခံစစ်အားနည်းချက်ကို Cover ဖြစ်စေမယ့် ကစားကွက်ပါ။ အာနိုးလ်နဲ့ မန်ဒီက Wing Back တွေအဖြစ် အသုံးတော်ခံပါမယ်။ ခံစစ်သုံးယောက်တန်းမှာ မီလီတို၊ ရူဒီဂါ၊ ဟူဆင်တို့ ရှိနေမှာပါ။ မီလီတိုက အာနိုးလ်ရဲ့နောက်မှာ Back-up လုပ်ပေးထားလို့ ခံစစ်ပိုပြီး စိတ်ချရမယ့် အနေအထားဖြစ်ပါတယ်။ ကွင်းလယ်သုံးယောက်တန်းမှာ ဇူဘီယာမန်ဒီ(အလယ်)၊ ဘယ်လင်ဟမ်(ဘယ်)နဲ့ ဗယ်လ်ဗာဒီ(ညာ)ဆိုပြီး ရှိနေမှာပါ။ တိုက်စစ်နှစ်ယောက်အဖြစ် ဗင်နီစီယပ်စ်နဲ့ အမ်ဘာပေတို့ ကစားမှာဖြစ်ပြီး ရိုဒရီဂိုနေရာ ပျောက်သွားနိုင်ပါတယ်။ ဒီကစားကွက်ရဲ့အားသာချက်က အာနိုးလ် တိုက်စစ်ပိုလိုက်ပါနိုင်ပြီး သွင်းဂိုးတွေအတွက် ပိုလို့ ကူညီနိုင်မှာပါ။















