စပါးအသင်း၏ အောင်ပွဲခံအခမ်းအနားကို သောကြာနေ့(ယနေ့) ပြုလုပ်မည်

စပါးအသင်း၏ အောင်ပွဲခံအခမ်းအနားကို သောကြာနေ့(ယနေ့) ပြုလုပ်မည်
Photo: X
Photo: X
Published 23 May 2025

ယူရိုပါလိဂ်ချန်ပီယံ စပါးအသင်း၏ အောင်ပွဲခံအခမ်းအနားကို သောကြာနေ့(ယနေ့) ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

စပါးအသင်းသည် ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ခဲ့သော ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် မန်ယူအသင်းကို အနိုင်ရရှိခဲ့သည့်အတွက် (၁၇)နှစ်အတွင်း၌ ပထမဆုံးအကြိမ်အဖြစ် ဆုဖလားအောင်ပွဲ ပြန်လည်ရယူနိုင်ခဲ့သည့်အပြင် ဥရောပပြိုင်ပွဲ၌ (၄၁)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆုဖလားအောင်ပွဲ ပြန်လည်ရယူနိုင်ခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ထို့ကြောင့် စပါးအသင်းသည် အမိုးဖွင့်ဘတ်စ်ကားဖြင့် လန်ဒန်မြို့အတွင်း လှည့်လည်အောင်ပွဲခံရန် စီစဉ်ခြင်းဖြစ်ပြီး အဆိုပါအောင်ပွဲခံအခမ်းအနားကို သောကြာနေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။

စပါးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဆင့်(၁၇)နေရာ ရောက်ရှိသည်အထိ အခြေအနေဆိုးရွားခဲ့သော်လည်း ယူရိုပါလိဂ်ချန်ပီယံဆု ရယူနိုင်ခဲ့သည့်အတွက် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။

စပါးအသင်းသည် ယူရိုပါလိဂ်ချန်ပီယံဆုနှင့် လှည့်လည်အောင်ပွဲခံမှုကို အချိန်တိုအတွင်း ပြုလုပ်ရန်သာ စီစဉ်ထားကြောင်း သိရသည်။

Most Read

Most Recent