ရီးယဲလ်တိုက်စစ်ကစားသမား ရိုဒရီဂိုအား ကမ်းလှမ်းရန်  ချယ်လ်ဆီးအသင်း စောင့်ကြည့်နေ

ရီးယဲလ်တိုက်စစ်ကစားသမား ရိုဒရီဂိုအား ကမ်းလှမ်းရန်  ချယ်လ်ဆီးအသင်း စောင့်ကြည့်နေ
Photo: X
Photo: X
Published 22 May 2025

ချယ်လ်ဆီးအသင်းသည် ရီးယဲလ်တိုက်စစ်ကစားသမား ရိုဒရီဂိုအား လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ကမ်းလှမ်းသွားရန် စောင့်ကြည့်နေကြောင်း သိရသည်။

အသက် (၂၄) နှစ်အရွယ်ရှိ ဘရာဇီးလ်တိုက်စစ်ကစားသမား ရိုဒရီဂိုသည် ဘာပေ၊ ဘင်လင်ဂမ်၊ ဗင်နီစီယပ်စ်တို့ကဲ့သို့ ဦးစားပေးခံရခြင်းမရှိသည့်အတွက် ရီးယဲလ်အသင်းမှထွက်ခွာလိုနေကြောင်း သိရှိရသည်။

စပိန်အားကစားသတင်းစာ AS ၏ ဖော်ပြချက်အရ ရိုဒရီဂိုသည် လာမည့်နွေတွင် ရီးယဲလ်အသင်းမှထွက်ခွာရန် သေချာသလောက်ရှိနေပြီး အနာဂတ်နှင့် ပတ်သက်ပြီး မဆုံးဖြတ်မီ ရီးယဲလ်နည်းပြသစ်ဖြစ်လာမည့် အလွန်ဆိုနှင့် ဆွေးနွေးလိုနေကြောင်းသိရသည်။

Goal.com ၏ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းသည် ရိုဒရီ၏အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး နွေရာသီအပြောင်းအရွှေ့စျေးကွက်ဖွင့်ပါက ကမ်းလှမ်းသွားရန် အသင့်ရှိကြောင်း သိရှိရသည်။

ချယ်လ်ဆီးအသင်းသည် ရီးယဲလ်အသင်းနှင့် အပြောင်းအရွှေ့အတွက် စကားပြောဆိုခြင်းမရှိသေးသော်လည်း ရိုဒရီဂို၏ အေးဂျင့်နှင့်မူ ချိတ်ဆက်မှုများ ရှိနေကြောင်း သိရသည်။

ရိုဒရီဂိုသည် ရီးယဲလ်နှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး ချယ်လ်ဆီးအနေဖြင့် ၎င်းအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) အသုံးပြုရဖွယ်ရှိနေကြောင်း သိရသည်။

 

Most Read

Most Recent