◘ စပါး - မန်ယူနိုက်တက် (မြန်မာစံတော်ချိန် မေလ ၂၂ ရက် နံနက် ၁:၃၀ နာရီ)
♦ LAST MEETINGS
၂၀၂၂-၂၃ မန်ယူ ၂-၀ စပါး (EPL)
စပါး ၂-၂ မန်ယူ (EPL)
၂၀၂၃-၂၄ စပါး ၂-၀ မန်ယူ (EPL)
မန်ယူ ၂-၂ စပါး (EPL)
၂၀၂၄-၂၅ မန်ယူ ၀-၃ စပါး (EPL)
စပါး ၄-၃ မန်ယူ (LEC)
စပါး ၁-၀ မန်ယူ (EPL)
နှစ်သင်းစလုံး League Phase အဆင့်မှာ အနည်းငယ် အတိမ်းအစောင်း ရှိခဲ့ပေမဲ့ အားလုံးမျှော်လင့်ထားသလို ဗိုလ်လုပွဲအဆင့်ကို တက်ရောက်ပြီး All-English Final ဖြစ်စေခဲ့တယ်။ ပရီးမီးယားလိဂ် Big Six စာရင်းဝင်အသင်းတွေဖြစ်ပေမဲ့ ဒီရာသီမှာ ဆိုးဆိုးရွားရွား ရလဒ်ဆိုးခဲ့တဲ့ နှစ်သင်းလည်းဖြစ်ပြီး အခု ယူရိုပါလိဂ်ဖလားနဲ့သာ ဂုဏ်သိက္ခာဆယ်ရပါလိမ့်မယ်။ ဒါ့အပြင် ယူရိုပါလိဂ်ချန်ပီယံအဖြစ် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရှိနေတာကလည်း ဒီနှစ်သင်းအဖို့ အလိုချင်ဆုံးဆုလာဘ် ဖြစ်နေတယ်။
ဒီရာသီ စပါးနဲ့ မန်ယူနိုက်တက်အသင်းက ပရီးမီးယားလိဂ် နှစ်ကျော့အပါအဝင် လိဂ်ဖလားကွာတားဖိုင်နယ်မှာ တွေ့ဆုံထားခဲ့လို့ သုံးကြိမ်အထိ ရင်ဆိုင်ကစားပြီးပြီ။ အံ့အားသင့်စရာကောင်းလောက်အောင် စပါးအသင်းက မန်ယူနိုက်တက်အသင်းကို
ဒီသုံးကြိမ်စလုံး အနိုင်ယူထားခဲ့တယ်။ ဒါကြောင့် လတ်တလော ထိပ်တိုက်တွေ့ဆုံမှုတွေအရ စပါးအသင်းက စိတ်ဓာတ်ရေးရာအရ တစ်ပန်းသာနေတယ်။
နှစ်သင်းစလုံးမှာ ဒဏ်ရာပြဿနာတချို့ ရှိနေပြီး မန်ယူနိုက်တက်အသင်းက အနည်းငယ် စိုးရိမ်စရာရှိပါတယ်။ လက်ရှိ အဓိကနောက်ခံလူတွေဖြစ်တဲ့ ယိုဟို၊ ဒီလစ်၊ ဒါလော့တို့ ဗိုလ်လုပွဲမှာ ပြန်ကစားနိုင်ခြေရှိပေမဲ့ သိပ်တော့ မသေချာပါဘူး။ ဒီနှစ်သင်းရဲ့ နည်းပြအနာဂတ်တွေအနက် စပါးအသင်းနည်းပြ ပိုစတီကိုဂလူးအဖို့ အခု ယူရိုပါလိဂ်ဖလားက သူ့အနာဂတ်အတွက် အဆုံးအဖြတ် ဖြစ်လာနိုင်တယ်။ မန်ယူနည်းပြ အာမိုရင်မ်က လည်း ဖိအားများနေပေမဲ့ စာချုပ်သက်တမ်းကြောင့် ပိုစတီကိုဂလူးလောက် အန္တရာယ်မများပါဘူး။
နောက်ဆုံးကစားတဲ့ပွဲမှာ မန်ယူအသင်းက ဗိုလ်လုပွဲမှာ ပွဲထုတ်နိုင်တဲ့သူတွေနဲ့ စမ်းသပ်ခဲ့ပြီး စပါးကတော့ အနားပေးခဲ့တာ တွေ့ရတယ်။ မန်ယူနိုက်တက်အသင်းမှာ ဒီယာလို၊ မေဆန်မောင့်တို့ အချိန်မီ ပြန်ကောင်းလာပြီး အားကိုးနိုင်လောက်တဲ့ အနေအထားလည်း ရှိနေတယ်။ လက်ရှိမှာ စပါးအသင်းတိုက်စစ်က စွမ်းဆောင်ရည် ပိုသာပေမဲ့ သမ္ဘာပိုရှိတဲ့ မန်ယူနိုက်တက်အသင်းကိုပဲ ရွေးချယ်ချင်တယ်။















