လာမည့်ရာသီအတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည့် မန်ယူနိုက်တက်အသင်းသည် ယခုအချိန်တွင် ဘရန့်ဖို့ဒ်အသင်း၏ ကင်မရွန်းလက်ရွေးစင်တိုက်စစ်ကစားသမား ဘရိုင်ယန်အမ်ဘူမိုအား ခေါ်ယူရန် ကြိုးစားလျက်ရှိကြောင်း သိရသည်။
မန်ယူနိုက်တက်အသင်းသည် အမ်ဘူမိုအား ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးကို ပေါင် (၅၄) သန်း (ယူရို ၆၅ သန်း) အထိ အသုံးပြုရန် ရည်ရွယ်ထားသည်။
အမ်ဘူမိုကလည်း မန်ယူနိုက်တက်အသင်းထံသို့ ပြောင်းရွှေ့ကစားရန် စိတ်ဝင်စားနေသည်ဟု မီဒီယာများက ဖော်ပြလျက်ရှိသည်။
အမ်ဘူမိုသည် မန်ယူအသင်းထံမှ ကမ်းလှမ်းမှုကို ဘရန့်ဖို့ဒ်အသင်းက လက်မခံခဲ့ပါက အသင်းနှင့် စာချုပ် သက်တမ်းတိုးရန်ကိစ္စကိုလည်း ငြင်းပယ်ရန် စီစဉ်ထားသည်။
အခြားမည်သည့်အသင်းကိုမျှ ပြောင်းရွှေ့မည်မဟုတ်ဘဲ စာချုပ်သက်တမ်းကုန်ဆုံးသည်အထိ ဘရန့်ဖို့ဒ်အသင်းတွင် ဆက်နေကာ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာသွားမည်ဟုလည်း အမ်ဘူမိုဘက်မှ သတင်းရင်းမြစ်များကို ကိုးကားပြီး မီဒီယာများက ဖော်ပြနေကြသည်။
ယင်းအတွက်ကြောင့် ဘရန့်ဖို့ဒ်အသင်းအနေဖြင့် မန်ယူနိုက်တက်အသင်းထံသို့ ရောင်းထုတ်ရမည့်အခြေအနေ ဖြစ်နေသည့်အပြင် စျေးတိုးတောင်းရန်အတွက်လည်း အခက်တွေ့လျက်ရှိသည်။















