အင်တာမီလန်နည်းပြ အင်ဇာဂီနှင့် နာပိုလီနည်းပြ ကွန်တီတို့သည် စီးရီးအေနောက်ဆုံးပွဲစဉ်ကို ကြီးကြပ်ခွင့်ရရှိမည်မဟုတ်ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးသည် ယခုတစ်ပတ်ယှဉ်ပြိုင်ကစားခဲ့သည့် စီးရီးအေပွဲစဉ်များတွင် အနီကတ်ပြစ်ဒဏ်များနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် နောက်ဆုံးပွဲစဉ်၌ ပွဲပယ်ခံရခြင်းဖြစ်သည်။
ထို့ပြင် အေစီမီလန်နည်းပြ ကွန်ဆီကာအို၊ လာဇီယိုနည်းပြ ဘာရိုနီ၊ အူဒီးနီးစ်နည်းပြ မာကရွန်နှင့် ပါးမားနည်းပြ ချီဗူးတို့မှာလည်း ပွဲပယ်ပြစ်ဒဏ်များ ချမှတ်ခံထားရသည်။
ချီဗူးနှင့် မာကရွန်တို့မှလွဲ ကျန်နည်းပြများမှာ ဒဏ်ငွေ ယူရို(၅၀၀၀)စီလည်း ချမှတ်ခံခဲ့ရကြောင်း သိရသည်။
စီးရီးအေပွဲစဉ်(၃၇) ယှဉ်ပြိုင်အပြီးတွင် နာပိုလီအသင်းက (၇၉)မှတ်၊ အင်တာမီလန်အသင်းက (၇၈)မှတ် ရရှိထားသောကြောင့် ချန်ပီယံဆုအတွက် နောက်ဆုံးပွဲစဉ်၌ အဆုံးအဖြတ်ခံယူရမည်ဖြစ်ရာ နည်းပြနှစ်ဦးစလုံး ကြီးကြပ်ခွင့်မရရှိသည့်အတွက် ပိုမို၍ စိတ်လှုပ်ရှားစရာဖြစ်နေကြောင်း အီတလီမီဒီယာအချို့က သုံးသပ်ခဲ့သည်။















