စီရော်နယ်လ်ဒိုအား ခေါ်ယူရန်အတွက် ဘရာဇီးလ်ကလပ်အသင်းတစ်သင်း ကြိုးပမ်းနေပြီး အယ်လ်နာဆာအသင်းထံ ကမ်းလှမ်းထားဟု သတင်းထွက်

စီရော်နယ်လ်ဒိုအား ခေါ်ယူရန်အတွက် ဘရာဇီးလ်ကလပ်အသင်းတစ်သင်း ကြိုးပမ်းနေပြီး အယ်လ်နာဆာအသင်းထံ ကမ်းလှမ်းထားဟု သတင်းထွက်
Photo: X
Photo: X
Published 20 May 2025

ဘရာဇီးလ် စီးရီးအေကလပ်အသင်းတစ်သင်းသည် ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်း၏ ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုအား ခေါ်ယူရန် ကမ်းလှမ်းထားသည်ဟု မီဒီယာများက ဖော်ပြလျက်ရှိသည်။

စီရော်နယ်လ်ဒိုသည် အယ်လ်နာဆာအသင်းနှင့် စာချုပ်သက်တမ်း ကျန်ရှိနေသေးသော်လည်း လာမည့်ရာသီတွင် အသင်း၌ ဆက်ကစားရန် စိတ်မပါဖြစ်နေသလို အယ်လ်နာဆာအသင်းကလည်း အသင်းတွင် ဆက်ရှိနေစေရန် အသည်းအသန် တားဆီးသွားမည်မဟုတ်ဟု သတင်းများက ဆိုသည်။

အယ်လ်နာဆာအသင်းသည် ယခုရာသီတွင် မည်သည့် အောင်မြင်မှုမျှ မရရှိခဲ့သလို လာမည့်ရာသီ အာရှချန်ပီယံလိဂ်ပြိုင်ပွဲကိုပင် ဝင်ရောက်ခွင့်မရတော့သည့်အတွက် နှစ်ဖက်စလုံးက လက်တွဲရန် ခက်ခဲသည့်အခြေအနေဖြစ်နေသည်။

ဘရာဇီးလ်ကလပ်အသင်းမှာ  မူ အမည်ဖော်ပြထားခြင်းမရှိသော် လည်း လာမည့်နှစ်အတွင်းကျင်းပ မည့် ကလပ်ကမ္ဘာ့ဖလားဝင်အသင်း ဖြစ်ပြီး ယင်းပြိုင်ပွဲတွင် ရော်နယ်လ်ဒို ကို ပါဝင်စေလိုနေခြင်းဖြစ်သည်။ 

မီဒီယာအချို့ကမူ စီရော်နယ်လ်ဒိုအနေဖြင့် ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းထံ ပြောင်းရွှေ့ရန်သာ အလားအလာများနေကြောင်း သုံးသပ်ဖော်ပြခဲ့ကြသည်။

Most Read

Most Recent