■ လာမည့်နွေရာသီတွင် ဗဟိုခံစစ်ကစားသမား ခေါ်ယူလိုကြောင်း မန်ယူနိုက်တက်နည်းပြ အာမိုရင်မ် ဝန်ခံ

■ လာမည့်နွေရာသီတွင် ဗဟိုခံစစ်ကစားသမား ခေါ်ယူလိုကြောင်း မန်ယူနိုက်တက်နည်းပြ အာမိုရင်မ် ဝန်ခံ
Published 16 May 2025

မန်ယူနိုက်တက်နည်းပြ အာမိုရင်မ်က လာမည့်နွေရာသီတွင် ဗဟိုခံစစ်ကစားသမား ခေါ်ယူလိုကြောင်း ဝန်ခံပြောကြားခဲ့သည်။ 

လက်ရှိ မန်ယူနိုက်တက်အသင်းတွင် ဗဟိုခံစစ်နေရာ၌ မက်ဂွိုင်းရား၊ ဒီလစ်၊ ရိုယို၊ လီဆန်ဒရိုမာတီနက်ဇ်၊ လင်ဒီလော့ဖ်နှင့် ဂျွန်နီအီဗန်တို့ ရှိနေသည်။ 

သို့သော် ယခုရာသီကုန်တွင် လင်ဒီလော့ဖ်နှင့် ဂျွန်နီအီဗန်တို့မှာ အသင်းနှင့်လမ်းခွဲဖွယ်ရှိနေသလို၊ လီဆန်ဒရိုမာတီနက်ဇ်၊ ဒီလစ်နှင့် ရိုယိုတို့မှာလည်း ဒဏ်ရာပြဿနာများနှင့် မကြာခဏ ကြုံတွေ့ရလေ့ရှိသည်။ 

ထို့ကြောင့် အာမိုရင်မ်က ၎င်းတို့အသင်းအနေဖြင့် လာမည့်နွေရာသီတွင် ဗဟိုခံစစ်ကစားသမား ခေါ်ယူလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

အာမိုရင်မ်က "ကျွန်တော်တို့အနေနဲ့ လာမယ့်ရာသီမှာ ရိုယိုဖြစ်ဖြစ်၊ ဒီလစ်ဖြစ်ဖြစ် ဒဏ်ရာရခဲ့မယ်ဆိုရင် အစားထိုးဖို့ ဗဟိုခံစစ်ကစားသမား လိုပါတယ်။ ဒါက ကျွန်တော့်ရဲ့စိုးရိမ်မှုပါ။ ရိုယိုက ခြေထောက်ဒဏ်ရာ ပြဿနာရှိပါတယ်။ တကယ်လို့ လာမယ့်ရာသီမှာ သူ ဒဏ်ရာရခဲ့မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ အဲဒီအတွက် အားဖြည့်ရမှာပါ"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent