■ ပရီးမီးယားလိဂ်တွင်သာ ဆက်ကစားလိုကြောင်း လက်စတာဝါရင့်တိုက်စစ်မှူးဗာဒီ ပြောကြား     

■ ပရီးမီးယားလိဂ်တွင်သာ ဆက်ကစားလိုကြောင်း လက်စတာဝါရင့်တိုက်စစ်မှူးဗာဒီ ပြောကြား     
Published 16 May 2025

ယခုရာသီကုန်တွင် လက်စတာအသင်းနှင့်လမ်းခွဲမည့် အင်္ဂလန်ဝါရင့်တိုက်စစ်မှူး ဗာဒီက လိဂ်ချန်ပီယံရှစ်ကလပ်အသင်းများ ၏စိတ်ဝင်စားခြင်းကို ခံနေရသော်လည်း ပရီးမီးယားလိဂ်တွင် ဆက်ကစားလိုကြောင်း ပြောကြားသည်။ 

    

အသက် (၃၈) နှစ်အရွယ်ရှိ ဗာဒီသည် လက်စတာအသင်းနှင့် ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စာချုပ် သက်တမ်းကုန်ဆုံးချိန်တွင် အသင်းနှင်းလမ်းခွဲမည်ဟု ကြေညာထားသူဖြစ်သည်။ 

ယခုရာသီကုန်တွင် လက်စတာအသင်းနှင့်လမ်းခွဲမည့် ဗာဒီအား လာမည့်နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လိဂ်ချန်ပီယံရှစ်ကလပ်အသင်းများစွာက စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။ 

သို့သော် ဗာဒီက ၎င်းင်းအနေဖြင့် ထိပ်တန်းအဆင့်တွင် ရှိနေဆဲဖြစ်ပြီး ပရီးမီးယားလိဂ်တွင် ဆက်လက် ကစားနိုင်ဦးမည်ဟု ယုံကြည်နေဆဲ ဖြစ်ကြောင်း သိရသည်။ 

ဗာဒီက "ကျွန်တော့်အနေနဲ့ ပရီးမီးယားလိဂ်မှာ ကစားနိုင်စွမ်းရှိနေဆဲပဲလို့ (၁၀၀) ရာခိုင်နှုန်း ယုံကြည်ပါတယ်။ ဒါပေမဲ့ ဘောလုံးကမ္ဘာက ရူးသွပ်နေတဲ့ ကမ္ဘာကြီးဖြစ်လို့ အနာဂတ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာကို ဘယ်သူမှကြိုမသိနိုင်ပါဘူး။ ကျွန်တော်ကတော့ ဘာတွေဖြစ်လာမလဲဆိုတာကို စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော့်အနေနဲ့ ကျွန်တော့်ခြေထောက်တွေ ကောင်းနေသမျှ ဘောလုံးကစားနေဦးမယ်လို့ ပြောခဲ့ဖူးပါတယ်။ အခုထိတော့ ကျွန်တော့်ရဲ့ခြေထောက်တွေ ကောင်းနေတုန်းပါပဲ"ဟု ပြောကြားခဲ့သည်။ 

ဗာဒီသည် လက်စတာအသင်းကို ၂၀၁၂ ခုနှစ်တွင် ရောက်ရှိလာခဲ့ပြီး အသင်းအတွက် (၁၃) နှစ်ကြာ ကစားခဲ့ပြီး ပြိုင်ပွဲစုံ (၄၉၉) ပွဲတွင် (၁၉၉) ဂိုးသွင်းယူထားသည်။ 

Most Read

Most Recent