■ Forbes မဂ္ဂဇင်းက ထုတ်ပြန်သည့် ဝင်ငွေအကောင်းဆုံး အားကစားသမားစာရင်းတွင် ရော်နယ်လ်ဒို သုံးနှစ်ဆက်တိုက် ထိပ်ဆုံးမှ ဦးဆောင်     

■ Forbes မဂ္ဂဇင်းက ထုတ်ပြန်သည့် ဝင်ငွေအကောင်းဆုံး အားကစားသမားစာရင်းတွင် ရော်နယ်လ်ဒို သုံးနှစ်ဆက်တိုက် ထိပ်ဆုံးမှ ဦးဆောင်     
Photo: Forbes
Photo: Forbes
Published 16 May 2025

အမေရိကန်စီးပွားရေးမဂ္ဂဇင်း Forbes က ထုတ်ပြန်သည့် တစ်နှစ်အတွင်း ဝင်ငွေအကောင်းဆုံး အားကစားသမားစာရင်းတွင် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းနှင့် ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုက သုံးနှစ်ဆက်တိုက် ထိပ်ဆုံးမှ ဦးဆောင်နိုင်ခဲ့ကြောင်း သိရသည်။

    

Forbes မဂ္ဂဇင်းသည် တစ်နှစ်အတွင်း ဝင်ငွေအကောင်းဆုံး အားကစားသမားစာရင်းကို နှစ်စဉ်ထုတ်ပြန်လေ့ရှိပြီး လစာ သို့မဟုတ် အားကစားပြိုင်ပွဲများမှရရှိသည့် ဝင်ငွေနှင့် စပွန်ဆာစာချုပ်ကဲ့သို့ အားကစားပြိုင်ပွဲပြင်ပ မှရရှိသည့် ဝင်ငွေကို ခန့်မှန်းတွက်ချက်၍ ထုတ်ပြန်ထားသည်။ 

၂၀၂၅ ခုနှစ်အတွက် ဝင်ငွေအကောင်းဆုံးစာရင်းတွင် အသက် (၄၀) ရှိပြီဖြစ်သည့် စီရော်နယ်လ်ဒိုက ဝင်ငွေစုစုပေါင်း ဒေါ်လာ (၂၇၅) သန်းဖြင့် ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့သည်။

စီရော်နယ်လ်ဒိုသည် ကွင်းတွင်းဝင်ငွေ ဒေါ်လာ (၂၂၅) သန်းနှင့် ကွင်းပြင်ပဝင်ငွေ ဒေါ်လာသန်း (၅၀) ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းသည် နောက်ဆုံးသုံးနှစ်ဆက်တိုက် ထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ (၁၃၆) သန်း၊ ၂၀၂၄ ခုနှစ်တွင် ဒေါ်လာသန်း (၂၆၀) ရရှိခဲ့သည်။

၎င်း၏နောက်တွင် စတင်ဖီကာရီ (ဘတ်စကက်ဘော)က ဒေါ်လာ (၁၅၆) သန်း၊ တိုင် ဆန်ဖျူရီ (လက်ဝှေ့)က ဒေါ်လာ (၁၄၆) သန်း၊ ပရက်စကော့(NBA)က ဒေါ်လာ ၁၃၇ သန်း၊ မက်ဆီ(ဘောလုံး)က ဒေါ်လာ (၁၃၅) သန်း၊ လီဘရွန်ဂျိမ်းစ် (ဘတ်စကက်ဘော)က ဒေါ်လာ (၁၃၃.၈) သန်း၊ ဟွမ်ဆိုတို(ဘေ့စ်ဘော)က ဒေါ်လာ (၁၁၄) သန်း၊ ဘန်ဇီမာ (ဘောလုံး)က ဒေါ်လာ (၁၀၄) သန်း၊ အိုတာနီ(ဘေ့စ်ဘော)က ဒေါ်လာ (၁၀၂.၅) သန်း၊ ကယ်ဗင်ဒူးရန့်(ဘတ်စကက်ဘော)က ဒေါ်လာ (၁၀၁.၄) သန်းဖြင့် အစဉ်လိုက် ရပ်တည်ခဲ့သည်။

Most Read

Most Recent