■  ရာသီကုန်တွင် လိုင်ယွန်အသင်းနှင့် လာကာဇက် လမ်းခွဲမည်     

■  ရာသီကုန်တွင် လိုင်ယွန်အသင်းနှင့် လာကာဇက် လမ်းခွဲမည်     
Published 16 May 2025

လိုင်ယွန်အသင်းမှ ပြင်သစ်တိုက်စစ်မှူး လာကာဇက်သည် ရာသီကုန်တွင် လိုင်ယွန်အသင်းနှင့် လမ်းခွဲတော့မည်ဖြစ် ကြောင်း သိရသည်။ 

လာကာဇက်(၃၃ နှစ်)သည် လိုင်ယွန်အသင်း၏ ငယ်မွေးခြံပေါက်ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၇ တွင် အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ၂၀၂၂ တွင် လိုင်ယွန်သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ 

ယခုအခါ ၎င်း၏ မြင့်မားသည့် လစာနှုန်းထားကြောင့် လိုင်ယွန်အသင်းက သက်တမ်းမတိုးတော့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းအနေဖြင့် ကစားသမားဘဝမှ အနားယူဦးမည်မဟုတ်ကြောင်း သိရသည်။

ယခုရာသီတွင် လိုင်ယွန်အသင်းနှင့် လမ်းခွဲမည့် လာကာဇက်အား ခေါ်ယူရန် ဆော်ဒီပရိုလိဂ်နှင့် အမေရိကန် မေဂျာလိဂ်ကလပ်များက စိတ်ဝင်စားနေကြောင်း သိရသည်။ 

Most Read

Most Recent