■ ပြင်သစ်လီဂူးပွဲစဉ် (၃၃) ပွဲကြိုသုံးသပ်ချက်

■ ပြင်သစ်လီဂူးပွဲစဉ် (၃၃) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 9 May 2025

Reims - စိန့်အက်တီယန် (မြန်မာစံတော်ချိန် မေလ ၁၁ ရက် နံနက် ၁:၃၀ နာရီ)

Reims က တိုက်စစ်အားနည်းပေမဲ့ အိမ်ကွင်းကစားပုံ မဆိုးပါဘူး။ စိန့်အက်တီယန် ရုန်းကန်နေပေမဲ့ Reims ကိုပဲ ကြိုက်တယ်။



အော်ဇေး - နန့်စ် (မြန်မာစံတော်ချိန် မေလ ၁၁ ရက် နံနက် ၁:၃၀ နာရီ)

အော်ဇေးက အထက်မရောက်၊ အောက်မရောက်အသင်းဖြစ်ပြီး ဘာမျှော်လင့်ချက်မှလည်း မရှိပါဘူး။ နန့်စ် အနည်းဆုံး သရေလောက်တော့ ကစားနိုင်တယ်။



အန်ဂါစ် - စထရာဘိုး (မြန်မာစံတော်ချိန် မေလ ၁၁ ရက် နံနက် ၁:၃၀ နာရီ)

လီဂူးနောက်ဆုံး (၁၂)ပွဲဆက် မရှုံးခဲ့တဲ့ စထရာဘိုးက ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ပစ်မှတ်ထားလာတယ်။ အန်ဂါစ်က အား နည်းချက်တွေ များပါတယ်။ စထရာဘိုး နိုင်ပွဲဆက်မယ်။



လူအယ်ဗာ - မာဆေးလ် (မြန်မာစံတော်ချိန် မေလ ၁၁ ရက် နံနက် ၁:၃၀ နာရီ)

လူအယ်ဗာက တန်းမဆင်းရဖို့ ရုန်းကန်နေပြီး ကစားပုံတက်လာတာလည်း တွေ့ရတယ်။ ဒါပေမဲ့ မာဆေးလ်ကပ်နိုင် သွားမယ်ထင်တယ်။



ရန်းစ် - နိုက်စ် (မြန်မာစံတော်ချိန် မေလ ၁၁ ရက် နံနက် ၁:၃၀ နာရီ)

နိုက်စ်က နောက်ဆုံး(၃)ပွဲဆက် အနိုင်ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်အိပ်မက်ကို အသက်သွင်းနိုင်ခဲ့တယ်။ ရန်းစ်က အမှတ်လို အပ်ချက်မရှိလို့ နိုက်စ်ကို ကြိုက်တယ်။



မောင့်ပယ်လီယာ - PSG (မြန်မာစံတော်ချိန် မေလ ၁၁ ရက် နံနက် ၁:၃၀ နာရီ)

မောင့်ပယ်လီယာက စိတ်ပျက်စရာကစားပုံနဲ့ တန်းဆင်းခဲ့တဲ့အသင်းပါ။ ပွဲပန်းနေပေမဲ့ PSG နို်င်ပွဲပြန်ရဖို့ ရှိပြီး ဂိုးပြတ်၊ မပြတ်ပဲ စောင့်ကြည့်ရမယ်။



တူးလူး - လန်းစ် (မြန်မာစံတော်ချိန် မေလ ၁၁ ရက် နံနက် ၁:၃၀ နာရီ)

(၂)သင်းစလုံး ရမှတ်လိုအပ်ချက်မရှိတော့ပေမဲ့ လန်းစ်က ပိုကောင်းတဲ့ ပုံစံကို ပြနေတယ်။ ဒါပေမဲ့ ဂိုးနည်းသရေပွဲလို့ ထင် မိတယ်။



ဘရက်စ် - လိုင်လီ (မြန်မာစံတော်ချိန် မေလ ၁၁ ရက် နံနက် ၁:၃၀ နာရီ)

ဘရက်စ်က လိုင်လီနဲ့ တွေ့တဲ့ လီဂူးနောက်ဆုံး (၅)ပွဲဆက် မနိုင်ခဲ့ဘူး။ ပြီးခဲ့တဲ့ရာသီကလိုမဟုတ်ဘဲ ဒီရာသီ ဘရက်စ်ရဲ့ ခြေစွမ်းက အတက်အကျများတယ်။ အဝေးကွင်းဖြစ်ပေမဲ့ လိုင်လီအနိုင်ကစားပါလိမ့်မယ်။



မိုနာကို - လိုင်ယွန် (မြန်မာစံတော်ချိန် မေလ ၁၁ ရက် နံနက် ၁:၃၀ နာရီ)

မိုနာကိုက အိမ်ကွင်းဆိုရင် အားရစရာပုံစံပြတတ်ပြီး တိုက်စစ်ကလည်း ဂိုးမြူးလေ့ရှိပါတယ်။ စိန့်အက်တီယန်နဲ့ ကစားခဲ့တဲ့ နောက်ဆုံးပွဲမှာ ဘာလိုဂန် ဂိုးပေါက်ပြန်တွေ့ခဲ့တာကလည်း မိုနာကိုအတွက် ကျေနပ်စရာဖြစ်ခဲ့တယ်။ ဒါကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားခံလို့မရတဲ့ အခြေအနေမှာ မိုနာကိုအသင်း အိမ်ကွင်းအားသာချက်ကို အသုံးချနိုင်ဖို့ ကြိုး စားပါလိမ့်မယ်။ လိုင်ယွန်ကတော့ နောက်ဆုံး(၃)ပွဲမှာ စိန့်အက်တီယန်နဲ့ လန်းစ်တို့ကို ရှုံးခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် အားနည်းသွားပြီ။ မိုနာကိုကို ရွေးချယ်ချင်ပြီး (၂)သင်း ပေါင်းသွင်းဂိုးများနိုင်ပါတယ်။

Most Read

Most Recent