၀ါဒါဘရီမင် - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် မေလ ၁၀ ရက် ည ၈:၀၀ နာရီ)
လိုက်ပ်ဇစ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးကြီးချိန်ရောက်မှ သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တယ်။ ၀ါဒါဘ ရီမင်အဖို့ ဥရောပဝင်ခွင့်မျှော်လင့်ချက် နည်းနေပြီ။ လိုက်ပ်ဇစ်ကိုပဲ ရွေးချယ်ချင်တယ်။
အူန်ယွန်းဘာလင် - ဟိုင်းဟိုင် (မြန်မာစံတော်ချိန် မေလ ၁၀ ရက် ည ၈:၀၀ နာရီ)
အူန်ယွန်းဘာလင်အသင်း အမှတ်မလိုအပ်တော့တာကို သတိပြုရမယ်။ နိုင်ပွဲမဖြစ်မနေရှာဖွေရမယ့် ဟိုင်းဟိုင်ဘက်ကပဲ ရပ်တည်ချင်တယ်။
ဘိုဟုမ် - မိန့်ဇ် (မြန်မာစံတော်ချိန် မေလ ၁၀ ရက် ည ၈:၀၀ နာရီ)
ဘိုဟုမ်အသင်း ဒီပွဲပြီးရင် တန်းဆင်းသွားလောက်တဲ့ အနေအထားမှာ ရှိပါတယ်။ ဒါပေမဲ့ နောက်ဆုံးမျှော်လင့်ချက်အ တွက်ရုန်းကန်မယ့် ဘိုဟုမ်ပဲ ကြိုက်တယ်။
ဟော်စတိုင်ကီလ် - ဖရိုင်းဘတ် (မြန်မာစံတော်ချိန် မေလ ၁၀ ရက် ည ၈:၀၀ နာရီ)
နှစ်သင်းစလုံး မတူညီတဲ့မျှော်လင့်ချက်အတွက် အမှားခံလို့မရတဲ့ အခြေအနေပါ။ နိုင်ပွဲဆက်ထားတဲ့ ဟော်စတိုင်ကီလ် အသင်း Play-offs ကစားခွင့်အတွက် မျှော်လင့်ချက်ရှိတာပါ။ ဟော်စတိုင်ကီလ်နဲ့ စွန့်စားချင်တယ်။
ဘိုင်ယန်မြူးနစ် - မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် မေလ ၁၀ ရက် ည ၁၁:၀၀ နာရီ)
ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းက အခုပွဲအပြီးမှာ ချန်ပီယံဆုဖလားနဲ့ အောင်ပွဲခံပါလိမ့်မယ်။ ဘိုင်ယန်လိုအသင်းအ တွက် အမှတ်ပေးဖလားဆိုတာ အောင်မှတ်ရရုံလောက်ပဲ ရှိနေလို့ ဒီလိုပွဲမျိုးမှာ ပရိသတ်ကျေနပ်အောင် ကစားပြဖို့လည်း လိုအပ်နေတယ်။ မိုချန်ဂလာဘတ်ကတော့ ကွန်းဖရန့်လိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက် သိပ်မရှိတော့ပါဘူး။ ဘိုင်ယန်အသင်းကိုပဲ ကြိုက်တယ်။















