ကိုမို - ကာဂလီယာရီ (မြန်မာစံတော်ချိန် မေလ ၁၀ ရက် ည ၇:၃၀ နာရီ)
နည်းပြ ဖာဘရီဂတ်စ်ရဲ့ ကိုမိုက စီးရီးအေ (၅)ပွဲဆက် အနိုင်ရခဲ့ပြီး အကောင်းဆုံးပုံစံကို ပြနေတယ်။ ခံစစ်ကလည်း Clean Sheet နိုင်ပွဲတွေ ရယူနိုင်တာတွေ့ရတယ်။ ဒီပွဲလည်း ကိုမိုအသင်း နိုင်ဦးမှာပါ။
လာဇီယို - ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် မေလ ၁၀ ရက် ည ၁၀:၃၀ နာရီ)
လာဇီယိုက အိမ်ကွင်းသရေပွဲတွေများနေပေမဲ့ သူတို့ရဲ့ ကွင်းတွင်းကစားပုံက အထင်ကြီးစရာကောင်းပါတယ်။ ပတ်ဒ ရိုလိုဝါရင့်ကစားသမားရဲ့ ငယ်မူပြန်ကစားပုံကို တွေ့နေရပြီး နိုင်သင့်တဲ့ပွဲတွေကိုလည်း အနိုင်ကစားနိုင်ခဲ့တယ်။ ဂျူဗင်တပ်စ်ကတော့ လက်ရှိအချိန်အထိ တည်ငြိမ်မှုကင်းမဲ့နေတုန်းပဲ။ နောက်ဆုံးပွဲမှာ ဘိုလော့ဂ်နာကို သရေကစားခဲ့ပေမဲ့ အတော်လေး ရုန်းကန်ခဲ့ရတာ တွေ့ရတယ်။ ဒီပုံစံနဲ့တော့ ရောမမြေမှာ ဂျူဗင်တပ်စ်အသင်း ခက်ခဲဖို့ပဲရှိနေတယ်။ လာဇီယိုကို ကြိုက်တယ်။
အမ်ပိုလီ - ပါးမား (မြန်မာစံတော်ချိန် မေလ ၁၁ ရက် နံနက် ၁:၁၅ နာရီ)
အမ်ပိုလီက တန်းမဆင်းရဖို့ ကြိုးစားနေပေမဲ့ ရလဒ်တွေက အားရစရာသိပ်မရှိသေးဘူး။ ပါးမားကတော့ နောက်ပိုင်းပွဲတွေမှာ ကစားပုံပိုကောင်းလာပြီး ဂျူဗင်တပ်စ်ကိုတောင် အနိုင်ကစားခဲ့တယ်။ ဒါပေမဲ့ အမ်ပိုလီကို ကြိုက်တယ်။















