■ လာလီဂါပွဲစဉ် (၃၅) ပွဲကြိုသုံးသပ်ချက် 

■ လာလီဂါပွဲစဉ် (၃၅) ပွဲကြိုသုံးသပ်ချက် 
Published 9 May 2025

ဗလင်စီယာ - ဂီတာဖေး (မြန်မာစံတော်ချိန် မေလ ၁၀ ရက် ည ၆:၃၀ နာရီ)

ဒီနှစ်သင်းရဲ့ပွဲတွေက ပြိုင်ဆိုင်မှုပြင်းလေ့ရှိတယ်။ နှစ်သင်းစလုံး စိတ်ချရတဲ့နေရာ ရောက်ရေး အားထုတ်နေတာချင်းလည်း တူတယ်။ လတ်တလော ခြေစွမ်းအရ ဗလင်စီယာ သာတယ်။ ဗလင်စီယာကိုပဲ ရွေးထားရမယ်။ ဂိုးနည်းမယ်။



ဆယ်လ်တာဗီဂို - ဆီဗီလာ (မြန်မာစံတော်ချိန် မေလ ၁၀ ရက် ည ၈:၄၅ နာရီ)

နည်းပြ ကာပါရော့စ်လက်ထက် ဆီဗီလာ ပြန်မရှာနိုင်သေးဘူး။ အသင်းက အန္တရာယ်ဇုန်နဲ့ နီးလာလို့ လက်ကျန်ပွဲတိုင်း ဆီဗီလာ ရုန်းရတော့မယ်။ ဒါပေမဲ့ ဆယ်လ်တာက ဥရောပဝင်ခွင့်အတွက် အမှတ်ရှာနေချိန်ဖြစ်လို့ ဆီဗီလာ နိုင်ပွဲဝေးဦးမယ့်ပုံပါပဲ။ ဆယ်လ်တာနဲ့ ဂိုးအများပဲ ကြိုက်တယ်။



ဂျီရိုနာ - ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် မေလ ၁၀ ရက် ည ၁၁:၀၀ နာရီ)

တန်းဆင်းအန္တရာယ်နဲ့ နီးကပ်လာချိန်မှာ ဗီလရီးယဲလ်လို ချန်ပီယံဝင်ခွင့်အတွက် အမှတ်ရှာနေတဲ့အသင်းနဲ့ လာတွေ့တာက ဂျီရိုနာ ကံဆိုးတယ်လို့ပဲ ပြောရမယ်။ လက်ရှိခြေစွမ်းချင်းယှဉ်ရင် ဂျီရိုနာ အနိုင်ရဖို့ မလွယ်တာလည်း အမှန်ပဲ။ ဂိုးအနည်းသရေပွဲ လောက်ပဲ မှန်းထားချင်တယ်။ 



မာယော့ကာ - ဗယ်လာဒိုလစ် (မြန်မာစံတော်ချိန် မေလ ၁၀ ရက် ည ၁၁:၀၀ နာရီ)

တန်းဆင်းသွားလို့ ဘာဖိအားမှ မရှိတော့ပေမဲ့ ဗယ်လာဒိုလစ်ခြေစွမ်းက ပြောင်းလဲမသွားဘူး။ ထုံးစံအတိုင်း ရှုံးမြဲရှုံးနေဆဲ ပါပဲ။ ဒါကြောင့် ဥရောပဝင်ခွင့်မျှော်လင့်ချက်ရှိနေတဲ့ မာယော့ကာကို ရွေးထားရမှာဖြစ်ပြီး ဂိုးလည်း များမယ်။ 



အက်သလက်တီကို - ဆိုစီဒက် (မြန်မာစံတော်ချိန် မေလ ၁၁ ရက် နံနက် ၁:၃၀ နာရီ)

အက်သလက်တီကိုက လက်ကျန်ပွဲစဉ်တွေကို ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းနေတယ်။ အိမ်ကွင်းလည်း ဖြစ်နေလို့ ပိုပြီးတော့ သက်သောင့်သက်သာနဲ့ ဆိုစီဒက်အသင်းကို ရင်ဆိုင်သွားဖို့ များတယ်။ ဆိုစီဒက်ကတော့ ဥရောပဝင်ခွင့်မျှော်လင့်ချက်ကို အသက်သွင်းဖို့ ကြိုးစားနေပေမဲ့ အသင်းကစားပုံက ပျက်နေ တယ်။ လာလီဂါနောက်ဆုံး (၄) ပွဲဆက် နိုင်ပွဲပျောက်နေတဲ့ ကစားပုံနဲ့တော့ အက်သလက်တီကိုကို အဝေးကွင်းမှာ ရင်ဆိုင်ဖို့ ခက်နေဦးမှာလည်း သေချာတယ်။ အက်သလက်တီကိုနဲ့ ဂိုးအများကိုပဲ ရွေးထားချင်တယ်။

Most Read

Most Recent