■ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ နှစ်သင်းစလုံး ခက်ခဲမည်ဟု PSG နည်းပြ အန်နရီကေး သုံးသပ်

■ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ နှစ်သင်းစလုံး ခက်ခဲမည်ဟု PSG နည်းပြ အန်နရီကေး သုံးသပ်
Photo: Getty Images
Photo: Getty Images
Published 9 May 2025

PSG အသင်းနည်းပြ လူးဝစ်အန်နရီကေးက အင်တာမီလန်အသင်းနှင့်ကစားရမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ နှစ်သင်းစလုံးအတွက် ခက်ခဲမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ 

    

PSG အသင်းသည် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲလိဂ်အဆင့် အစောပိုင်းတွင် အာဆင်နယ်အသင်းအား အဝေးကွင်း၌ ရှုံးနိမ့်ခဲ့သော်လည်း မန်စီးတီးအသင်းအား အိမ်ကွင်း၌ ဂိုးပြတ်အနိုင်ရခဲ့သလို (၁၆) သင်းအဆင့်တွင် လီဗာပူးလ်အသင်း၊ ကွာတားဖိုင်နယ်တွင် ဗီလာအသင်း၊ ဆီမီးဖိုင်နယ်တွင် အာဆင်နယ်အသင်း စသည့် ပရီးမီး ယားလိဂ်ပြိုင်ဘက်များကို ကျော်ဖြတ်၍ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

PSG အသင်းသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အီတလီထိပ်သီး အင်တာမီလန်အသင်းနှင့်တွေ့ဆုံနေပြီး အဆိုပါပွဲစဉ်ကို မေလ (၃၁) ရက်တွင် ဘိုင်ယန်မြူးနစ်အသင်း၏ အိမ်ကွင်း အလိုင်းယန့်အရီနာတွင် ကျင်းပမည်ဖြစ်သည်။

အင်တာမီလန်အသင်းသည် အတွေ့အကြုံပိုများသည့်အသင်းဖြစ်ပြီး ဗိုလ်လုပွဲမှာ နှစ်သင်းစလုံးအတွက် ခက်ခဲမည်ဟု PSG နည်းပြ အန်နရီကေးက ပြောကြားခဲ့ခြင်းဖြစ်သည်။ 

အန်နရီကေးက "အင်တာက ကျွန်တော်တို့ထက် အတွေ့အကြုံပိုများသလို အသက် ကြီးတဲ့ ကစားသမားတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဆုဖလားတွေ ရယူချင်ပါတယ်။ ကျွန်တော်တို့ အသင်းက ဗိုလ်လုပွဲအတွက် စိတ်ဓာတ်ပိုင်းလည်း အဆင်သင့်ဖြစ်နေမှာပါ။ အဲဒီပွဲက ခက်ခဲမှာပါ။ ဒါပေမဲ့ သူတို့အတွက်လည်း တူညီတဲ့ဗိုလ်လုပွဲဖြစ်မှာပါ။ ဒါက နှစ်သင်းစလုံးအတွက် အရမ်းခက်ခဲပြီး စိတ်ဝင်စားစရာ ကောင်းမယ့်  ဗိုလ်လုပွဲပါ။ ကျွန်တော်တို့နဲ့ သူတို့အတွက် ထူးခြားတဲ့အ ခိုက်အတန့်ပါပဲ။ သူတို့က သုံးနှစ်အတွင်းမှာ ဗိုလ်လုပွဲကို ဒုတိယအကြိမ် တက်ရောက်နိုင်တာဖြစ်လို့ ထိပ်တန်းအ သင်းဆိုတာ သေချာပါတယ်။ ကျွန်တော်တို့အတွက် အစီအစဉ်ဆွဲဖို့ အချိန်ရှိပါတယ်" ဟု ဆိုခဲ့သည်။

Most Read

Most Recent