အနာဂတ်လှုပ်ခတ်နေသော်လည်း မန်ယူနိုက်တက်အသင်းတွင် ပျော်ရွှင်နေကြောင်း အသင်းတိုက်စစ်ကစားသမား ဂါနာချို ပြောကြား

အနာဂတ်လှုပ်ခတ်နေသော်လည်း မန်ယူနိုက်တက်အသင်းတွင် ပျော်ရွှင်နေကြောင်း အသင်းတိုက်စစ်ကစားသမား ဂါနာချို ပြောကြား
Photo: Fabrizio
Photo: Fabrizio
Published 8 May 2025

မန်ယူနိုက်တက်တိုက်စစ်ကစားသမား ဂါနာချိုက ၎င်းအနေဖြင့် အနာဂတ်လှုပ်ခတ်နေသော်လည်း အသင်းတွင် ပျော်ရွှင်နေကြောင်း ပြောကြားခဲ့သည်။

အသက် (၂၀ ) အရွယ်ရှိ အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်ကစားသမား ဂါနာချိုသည် လာမည့်နွေတွင် အသင်းပြောင်းရွှေ့ရမည်ဟု သတင်းထွက်နေသူဖြစ်သည်။

လက်ရှိတွင် ၎င်းအား ခေါ်ယူရန် ချယ်လ်ဆီးနှင့် နာပိုလီအသင်းတို့က စိတ်ဝင်စားနေပြီး မန်ယူနိုက်တက်အသင်းက ၎င်းအတွက် ပြောင်းရွှေ့ကြေး ပေါင် (၆၅) သန်း အလိုရှိနေကြောင်း သိရှိရသည်။

သို့သော် ဂါနာချိုက မန်ယူနိုက်တက်နှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး အသင်းတွင် ပျော်ရွှင်နေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂါနာချိုက '' ဘောလုံးသမားတစ်ယောက်အနေနဲ့ ကိုယ့်အနာဂတ်နဲ့ ပတ်သက်ပြီး မီဒီယာတွေ ရေးကြတာတွေ၊ ကောလာဟလသတင်းတွေကို ဖတ်မိတာပါပဲ။ ဒါပေမဲ့ မန်ယူနိုက်တက်အသင်းနဲ့ ချုပ်ဆိုထားတဲ့ ကျွန်တော့်ရဲ့စာချုပ်က၂၀၂၈ ခုနှစ်မှ ကုန်ဆုံးမှာပါ။ ပြီးတော့ ဒီအသင်းမှာ ကျွန်တော် ပျော်ပါတယ်''ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဂါနာချိုက အာမိုရင်မ်၏ ၃-၄-၂-၁ ကစားကွက်နှင့် အသားကျရန် ရုန်းကန်နေရကြောင်းလည်း ဝန်ခံခဲ့သည်။

၎င်းက ''ရာသီအလယ်မှာ နည်းပြအပြောင်းအလဲဖြစ်ခဲ့လို့ ခက်ခဲပါတယ်။ နည်းပြသစ်ရောက်လာပြီး ကစားကွက်ကို ပြောင်းလဲခဲ့လို့ ကျွန်တော် အသားကျဖို့ ပိုပြီးရုန်းကန်ခဲ့ရပါတယ်''ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent