ဆာလီဘာအား စာချုပ်သစ် ချုပ်ဆိုရန် အာဆင်နယ် စီစဉ်

ဆာလီဘာအား စာချုပ်သစ် ချုပ်ဆိုရန် အာဆင်နယ် စီစဉ်
Photo: Getty Images
Photo: Getty Images
Published 8 May 2025

အာဆင်နယ်အသင်းသည် ရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူရန် ပစ်မှတ်ထားနေသည့် အသင်းအဓိကနောက်ခံကစားသမား ဆာလီဘာအား စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။

ပြင်သစ်နာမည်ကျော်သတင်းစာ L'Equipe ၏ဖော်ပြချက်အရ အာဆင်နယ်အသင်းသည် PSG တိုက်စစ်မှူး ဘာပေ၊ လီဗာပူးလ်နောက်ခံကစားသမား အာနိုးလ်တို့၏ အဖြစ်မျိုးကို ရှောင်ရှားနိုင်ရန်အတွက် ဆာလီဘာအား နှစ်ရှည်စာချုပ် ချုပ်ဆိုရန် စီစဉ်နေပြီး ယခုရာသီမကုန်မီ ဆွေးနွေးမှု စတင်ဖွယ်ရှိနေကြောင်း သိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် PSG အသင်းတွင် ကစားခဲ့သည့် ဘာပေအား ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူခဲ့သလို၊ လာမည့်နွေတွင်လည်း လီဗာပူးလ်နောက်ခံကစားသမား အာနိုးလ်ကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်ရန် အလွန်နီးစပ်နေကြောင်း သိရသည်။

ဆာလီဘာ (၂၄ နှစ်)သည် အာဆင်နယ်အသင်းနှင့် ၂၀၂၇ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ ရီးယဲလ်က စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် ၎င်းကိုပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူရန်စည်းရုံးဖွယ်ရှိနေကြောင်း သိရသည်။

ထို့ကြောင့် အာဆင်နယ်အသင်းက ၎င်းကို နှစ်ရှည်စာချုပ်ချုပ်ဆိုရန် စီစဉ်လာခြင်းဖြစ်သည်။ 

 

Most Read

Most Recent