■ ချန်ပီယံလိဂ်ပြိုင်ပွဲမှထွက်ခွာခဲ့ရခြင်းအတွက် စိတ်ပျက်ရသော်လည်း အသင်း၏စွမ်းဆောင်မှုကို ကျေနပ်ကြောင်း ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ် ဆို

■ ချန်ပီယံလိဂ်ပြိုင်ပွဲမှထွက်ခွာခဲ့ရခြင်းအတွက် စိတ်ပျက်ရသော်လည်း အသင်း၏စွမ်းဆောင်မှုကို ကျေနပ်ကြောင်း ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ် ဆို
Photo: Reuters
Photo: Reuters
Published 7 May 2025

ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က အင်တာမီလန်ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှ ထွက်ခွာခဲ့ရခြင်းအတွက် စိတ်ပျက်ရသော်လည်း အသင်း၏စွမ်းဆောင်မှုကို ကျေနပ်ကြောင်း ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် မေလ (၆) ရက်(အင်္ဂါနေ့)က ကစားခဲ့သည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်၌ အင်တာမီလန်အသင်းကို အချိန်ပိုတွင် (၃-၄) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

အဆိုပါပွဲစဉ်တွင် မိနစ်(၉၀)အတွင်း (၃-၃) ဂိုးဖြင့် သရေကျနေခဲ့ပြီး နှစ်ကျော့ပေါင်း (၆-၆) ဖြစ်နေသည့်အတွက် အချိန်ပိုဆက်ကစားခဲ့ရာ အင်တာမီလန်အသင်းအတွက် လူစားဝင်ကစားသမား ဖရက်တယ်ဆီက အနိုင်ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲစဉ်အပြီးတွင် ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က ''စိတ်ပျက်ရပါတယ်။ ဒါပေမဲ့ ကစားသမားတွေနဲ့ အသင်းရဲ့စွမ်းဆောင်မှုကိုတော့ မဟုတ်ပါဘူး။ ကစားသမားတွေက ဗိုလ်လုပွဲရောက်ဖို့ အစွမ်းကုန်ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ နောက်ဆုံးမှာ ကျွန်တော်တို့ ပြိုင်ပွဲက ထွက်ခွာခဲ့ရပါတယ်။ နောက်ရာသီမှာ ပရိသတ်တွေ ပျော်ရွှင်ခွင့်ရအောင် ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားသွားမှာပါ''ဟု ဆိုခဲ့သည်။

ထို့ပြင် ဟန်ဆီဖလစ်ခ်က အင်တာမီလန်ကို ရှုံးနိမ့်သည့်ပွဲတွင် ဒိုင်လူကြီး၏ဆုံးဖြတ်ချက်အချို့ကို အိမ်ရှင်ကို ဘက်လိုက်မှုရှိခဲ့ကြောင်းလည်း ဆိုခဲ့သည်။

ဘာစီလိုနာအသင်းသည် ရာသီကုန် ဖလားသုံးလုံး မျှော်လင့်နိုင်သည့်အနေအထားကို လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

Most Read

Most Recent