■ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲကြိုသုံးသပ်ချက်

■ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲကြိုသုံးသပ်ချက်
Photo: Inter
Photo: Inter
Published 6 May 2025

◘ အင်တာမီလန် - ဘာစီလိုနာ (မြန်မာစံတော်ချိန် မေလ ၇ ရက် နံနက် ၁:၃၀ နာရီ)

♦ ပထမအကျော့ရလဒ် - ဘာစီလိုနာ ၃-၃ အင်တာမီလန်

ပထမအကျော့ ဘာစီလိုနာအသင်းရဲ့ကွင်းမှာ ကစားခဲ့တဲ့ပွဲကတော့ ဥရောပချန်ပီယံလိဂ်သမိုင်းမှာ အကောင်းဆုံးပွဲတွေထဲက တစ်ပွဲလို့ ပြောရမယ်။ ပုံစံမတူ၊ ကစားဟန်မတူတဲ့ အသင်းနှစ်သင်းဟာ ကိုယ်အားသန်ရာ ပုံစံနဲ့ အပြန်အလှန်ဂိုးတွေသွင်းပြီး သရေကျခဲ့တယ်။ အင်တာမီလန်အသင်းက ဘာစီလိုနာရဲ့အားနည်းတဲ့ ခံစစ်ပိုင်းနဲ့ ကွင်းလယ်ဖျက်အားကို ကောင်းကောင်းအသုံးချနိုင်ခဲ့သလို၊ ဘာစီလိုနာအသင်းကလည်း တိုက်စစ်ပိုင်းကစားသမားတွေရဲ့အရည်အသွေးက မြင့်မားလွန်းတာကြောင့် အင်တာမီလန်ခံစစ်ကို တစ်ဦးချင်းအစွမ်းတွေ အခြေပြုပြီး အသင်းလိုက်ပုံစံကောင်းနဲ့ ထိုးနှက်နိုင်ခဲ့တာကို တွေ့ရတယ်။ ဒါပေမဲ့ ပထမအကျော့ ခြေစွမ်းအရကြည့်ရင် အင်တာမီလန်က သူတို့လုပ်နိုင်ခြေရှိတဲ့အလုပ်ကို အမြင့်ဆုံးအဆင့်အထိ လုပ်နိုင်ခဲ့တာဖြစ်ပြီး၊ ဘာစီလိုနာအသင်းကတော့ ဒီထက်ပိုလုပ်နိုင်သေးတဲ့ အလားအလာကို မြင်ရတယ်။ ဒီပုံစံအတိုင်းသာဆိုရင် ဘာစီလိုနာအနေနဲ့ တချို့အပိုင်းတွေ ပိုတိုးတက်လာခဲ့ရင် ဆန်စီရိုမှာလည်း အနိုင်ရမှာပဲလို့ ယူဆမိတယ်။ 

Most Read

Most Recent