ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်းသည် လူမှုကွန်ရက် X မှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ကြာသပတေးနေ့တွင် တရားဝင်ကြေညာခဲ့သည်။
ဆန့်ပေါ်လီအသင်းသည် X (ယခင် Twitter )နှင့် ၂၀၁၃ ခုနှစ်ကတည်းက လက်တွဲခဲ့ပြီး Followers (၂၅၀၀၀၀) ရရှိထားကြောင်း သိရသည်။
သို့သော် ဆန့်ပေါ်လီအသင်းအနေဖြင့် ပိုင်ရှင်သစ် အီလွန်မတ်စ်၏ မူဝါဒများကို သဘောကျခြင်းမရှိသည့်အတွက် နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဆန့်ပေါ်လီအသင်းသည် ဥရောပထိပ်တန်းလိဂ်(၅)ခုထဲတွင် X မှ နုတ်ထွက်သည့် ပထမဆုံးကလပ်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။