ယူကရိန်းက ထုတ်ပြန်သည့် ဗီဒီယိုတွင် မြောက်ကိုရီးယားစစ်သားများက ရုရှားစစ်ယူနီဖောင်းများ လက်ခံရယူရန် တန်းစီနေသည့်မြင်ကွင်းကို ပြသ

ယူကရိန်းက ထုတ်ပြန်သည့် ဗီဒီယိုတွင် မြောက်ကိုရီးယားစစ်သားများက ရုရှားစစ်ယူနီဖောင်းများ လက်ခံရယူရန် တန်းစီနေသည့်မြင်ကွင်းကို ပြသ
၂၀၁၂ ခုနှစ် ဧပြီ ၁၅ ရက်က ပြုံယမ်းမြို့တော်ရှိ ကင်အီဆွန်းရင်ပြင်တွင်ပြုလုပ်သည့် စစ်ရေးပြအခန်းအနားတွင် ချီတက်နေသည့် မြောက်ကိုရီးယားစစ်သားများကို တွေ့ရစဉ်(Photo:AP)
၂၀၁၂ ခုနှစ် ဧပြီ ၁၅ ရက်က ပြုံယမ်းမြို့တော်ရှိ ကင်အီဆွန်းရင်ပြင်တွင်ပြုလုပ်သည့် စစ်ရေးပြအခန်းအနားတွင် ချီတက်နေသည့် မြောက်ကိုရီးယားစစ်သားများကို တွေ့ရစဉ်(Photo:AP)
Published 21 October 2024

ယူကရိန်းအာဏာပိုင်များက ထုတ်ပြန်ခဲသည့် ဗီဒီယိုတစ်ခုထဲတွင် ဒါဇင်နှင့်ချီသည့် မြောက်ကိုရီးယား စစ်သားများသည် ရုရှားစစ်ယူနီဖောင်းများ လက်ခံရယူရန် တန်းစီစောင့်ဆိုင်းနေသည့် မြင်ကွင်းကို ပြသထား ကြောင်း အေပီသတင်းဌာနက ဖော်ပြခဲ့သည်။

ထိုဗီဒီယိုအရ မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲအတွင်း ရုရှားကိုကူညီရန် စစ်သားများ စေလွှတ်ခဲ့သည့် အခြေအနေကို ပြသရာရောက်ကြောင်း လေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။

ယူကရိန်း ယဉ်ကျေးမှုနှင့် ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ မဟာဗျူဟာမြောက် ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်လုံခြုံရေးစင်တာက ထုတ်ပြန်ခဲ့သည့် အဆိုပါ ဗီဒီယိုထဲတွင် မြောက်ကိုရီးယား စစ် သားများသည် ရုရှားစစ်သားများထံမှ ယူနီဖောင်းများနှင့် အခြားပစ္စည်းများကို အိတ်များဖြင့်ထည့်ယူရန် တန်းစီနေသည့် မြင်ကွင်းကိုတွေ့ရသည်။ထိုဗီဒီယိုသည် အစစ်အမှန် ဟုတ်၊ မဟုတ်ဆိုခြင်းကိုမူ အေပီသတင်း ဌာနက သီးခြား အတည်ပြုနိုင်ခြင်းမရှိပေ။

“ဒီဗီဒီယိုကို ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် သတင်းရင်းမြစ်တွေဆီက လက်ခံရရှိခဲ့တာပါ။ လုံခြုံရေးအခြေအနေကို စိုးရိမ်ရတဲ့အတွက် ကျွန်တော်တို့ဆီကို ထောက်ပံ့ပေးတဲ့ သတင်းရင်းမြစ်တွေဆီက နောက်ထပ် အတည်ပြုချက် ကို ကျွန်တော်တို့ ထုတ်ပြန်ပေးနိုင်မှာ မဟုတ်ပါဘူး”ဟု မဟာဗျူဟာမြောက် ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်လုံခြုံရေးစင်တာ၏ အကြီးအကဲ အီဟော်ဆိုလိုဗေးက ပြောကြားခဲ့သည်။

“ရုရှားစစ်တပ်ရဲ့ ညွှန်ကြားချက်အောက်မှာ မြောက်ကိုရီးယားနိုင်ငံသားတွေကို ရုရှားစစ်ယူနီဖောင်းတွေ ပေးနေတာကို ဒီဗီဒီယိုက ရှင်းလင်းစွာ ဖော်ပြနေပါတယ်။ ယူကရိန်းအတွက်တော့ ဒီဗီဒီယိုက အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ စစ်ပွဲမှာ မြောက်ကိုရီးယား စစ်သားတွေဟာ ရုရှားဘက်က ပါဝင်ပေးနေ တဲ့ ပထမဆုံး ဗီဒီယိုသက်သေတစ်ခု ဖြစ်နေလို့ပါပဲ။အခုဆိုရင် မြောက်ကိုရီးယားဟာ လက် နက်ခဲယမ်းတွေသာမကဘဲ စစ်သားတွေကိုပါ ပေးပို့နေပါပြီ”ဟု ဆိုလိုဗေးက ပြောကြားခဲ့သည်။

ထိုဗီဒီယိုကို မကြာသေးမီရက်ပိုင်းအတွင်း ရုရှားစစ်သားတစ်ဦးက ရိုက်ကူးခဲ့ကြောင်း ယူကရိန်း၏ မဟာဗျူဟာမြောက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် လုံခြုံရေးစင်တာက ပြောကြားခဲ့သော်လည်း  ထိုဗီဒီယိုကို မည်ကဲ့သို့ ရရှိခဲ့သည်ဆိုခြင်းကို ပြောကြားခဲ့ခြင်းမရှိပေ။ ထို့ပြင် ထိုဗီဒီယိုရိုက်ကူးခဲ့သည့် တည်နေရာကို မသိရပေ။

မြောက်ကိုရီးယား ခြေလျင်တပ်သား ၁၁၀၀၀ ခန့်သည် ရုရှားအရှေ့ဖျားဒေသတွင် လေ့ကျင့်နေကြောင်း ယူကရိန်းစစ်ထောက်လှမ်းရေး အကြီးအကဲ ကရိုင်လို ဘူဒါနော့ဗ်က ပြောကြားခဲ့ပြီးနောက် အဆိုပါ ဗီဒီယို ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ ထိုစစ်သားများသည် နိုဝင်ဘာလတွင် တိုက်ပွဲဝင်ရန် အသင့်ဖြစ်လာနိုင်ကြောင်း ၎င်းက ခန့်မှန်းခဲ့သည်။

ထိုစစ်သားများအနက် ၂၆၀၀ ခန့်ကို သြဂုတ်လက ယူကရိန်းတပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့သည့် ရုရှား၏ ကာ့စ်ဒေသသို့ စေလွှတ်လိမ့်မည်ဖြစ်ကြောင်း ဘူဒါနော့ဗ်က ပြောကြားခဲ့သည်။

ယခုလအစောပိုင်းကလည်း ယူကရိန်းရှိ  ရုရှားတပ်များ သိမ်းပိုက်ထားသည့် ဒိုးနက်ဒေသတွင် ယူကရိန်း၏ ဒုံးကုျည်တိုက်ခိုက်မှုကြောင့် မြောက်ကိုရီးယားစစ်တပ်အရာရှိ ခြောက်ဦးသေဆုံးခဲ့ကြောင်း ယူကရိန်းမီဒီယာ များက ဖော်ပြခဲ့သည်။      

Ref:AP/AFP

Most Read

Most Recent