ဟာရီကိန်း၏ဒဏ်ရာ မပြင်းထန်စေရန် မျှော်လင့်ကြောင်း ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီ ပြောကြား

ဟာရီကိန်း၏ဒဏ်ရာ မပြင်းထန်စေရန် မျှော်လင့်ကြောင်း ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီ ပြောကြား
Photos: AFP
Photos: AFP
Published 29 September 2024

 

ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဗင်းဆင့်ကွန်ပနီက လေဗာကူဆင်အသင်းနှင့်ပွဲတွင် လူစားလဲခဲ့ရသည့် တိုက်စစ်မှူး ဟာရီကိန်း၏ဒဏ်ရာ မပြင်းထန်စေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၈ ရက်က ယှဉ်ပြိုင်ကစားသည့် ဘိုင်ယန်မြူးနစ် (၁-၁) လေဗာကူဆင် ပွဲစဉ်တွင် ဟာရီကိန်းမှာ ခြေချင်းဝတ်ထိခိုက်မိသဖြင့် ၈၆ မိနစ်တွင် လူစားလဲခဲ့ရသည်။ 

ဘိုင်ယန်မြူးနစ်အသင်းသည် အောက်တိုဘာ ၂ ရက်တွင် ဗီလာအသင်းနှင့် ချန်ပီယံလိဂ် အဝေးကွင်းပွဲကစားရမည်ဖြစ်ရာ အားထားရသည့်တိုက်စစ်မှူးဖြစ်သူ ဟာရီကိန်းပါဝင်နိုင်ရန် မျှော်လင့်နေသည့် ကွန်ပနီက ယခုလို ပြောကြားခြင်းဖြစ်သည်။

"ကျွန်တော်က ဆရာဝန်မဟုတ်ပါဘူး။ ဒါပေမဲ့ ဘာမှပြင်းပြင်းထန်ထန်မဖြစ်စေဖို့တော့ ကျွန်တော်မျှော်လင့်ပါတယ်။ အခုက ပြောဖို့စောပါသေးတယ်။ ဗုဒ္ဓဟူးနေ့မှာ ကစားရမယ့်ပွဲအတွက် သူ(ဟာရီကိန်း) ကြံ့ခိုင်မှုပြည့်ဝဖို့တော့ မျှော်လင့်ပါတယ်" ဟု ကွန်ပနီက ပြောကြားခဲ့သည်။

ဟာရီကိန်းသည် ယခုရာသီ ဘွန်ဒစ်လီဂါပွဲစဉ် ၅ ပွဲ ကစားရာတွင် ၅ ဂိုးသွင်းယူပေးထားပြီး ဒိုင်နမိုဇာဂရက်အသင်းအား ၉-၂ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ၄ ဂိုးသွင်းယူပေးခဲ့သည်။

Most Read

Most Recent