■ ပြင်သစ်လီဂူးပွဲစဉ် (၆) ပွဲကြိုသုံးသပ်ချက်

■ ပြင်သစ်လီဂူးပွဲစဉ် (၆) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 27 September 2024

လန်းစ် - နိုက်စ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် ည ၉:၃၀ နာရီ)

လန်းစ်က ရှုံးပွဲမရှိသေးတဲ့အသင်းဖြစ်ပြီး နောက်ဆုံး (၃)ပွဲ ဆက်ကွင်းမရွေး သရေကစားထားတယ်။ နိုက်စ်ကလည်း လန်းစ်နဲ့အနီးနားမှာရှိနေတဲ့အသင်းဖြစ်လို့ လန်းစ်အတွက် အမှားခံလို့ မရပါဘူး။ လန်းစ် နိုင်ပွဲပြန်ယူပါလိမ့်မယ်။



လူအယ်ဗာ - လိုင်လီ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် ည ၁၁:၃၀ နာရီ)

(၃)ပွဲဆက်နိုင်ပွဲပျောက်ထားတဲ့ လိုင်လီတို့ ဖိအားများနေတယ်။ အခုလည်း အဝေးကွင်းမှာ ပွဲကျပ်ရင်ဆိုင်ရဦးမှာဖြစ်ပြီး လူအယ်ဗာက အိမ်ကွင်းခြေမာတဲ့အသင်းပါ။ အိမ်ရှင်ပဲ ရွေးမယ်။



မိုနာကို - မောင့်ပယ်လီယာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၉ ရက် နံနက် ၁:၃၀ နာရီ)

 မိုနာကိုကလည်း မမျှော်လင့်ထားတဲ့ရာသီမှ PSG နဲ့မာဆေးလ်ကို နောက်ကနေ တောက်လျှောက်ဖိအားပေးနေတယ်။ မိုနာကိုရဲ့ ကစားပုံ၊ ကစားအားကကောင်းမွန်သလို ခံစစ်ကလည်း တည်ငြိမ်တဲ့အရည်အသွေးကိုပြသနေတယ်။ မောင့်ပယ်လီယာတို့ တန်းဆင်းဇုန်နဲ့ဝေးရာပြေးထွက်နေပေမယ့် ဒီပွဲတော့မျှော်လင့်ချက်မရှိပါဘူး။ မိုနာကိုပဲ နိုင်ပွဲဆက်ဦးမယ်။

 

Most Read

Most Recent