■ စီးရီးအေပွဲစဉ် (၆) ပွဲကြိုသုံးသပ်ချက် 

■ စီးရီးအေပွဲစဉ် (၆) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 27 September 2024

အူဒီနီးစ် - အင်တာမီလန် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် ည ၇:၃၀ နာရီ)

အူဒီးနီးစ်က ရလဒ်ကောင်းတွေ တောက်လျှောက်ရယူပြီးမှ နောက်ဆုံးပွဲမှာ ရိုးမားကို ဂိုးပြတ်ရှုံးခဲ့တယ်။ ဒီရာသီထိပ်သီးအသင်းတွေနဲ့ ရင်ဆိုင်ရခြင်းမရှိသေးတဲ့ အူဒီးနီးစ်ရဲ့ပုံစံက အိမ်ကွင်းဖြစ်ပေမဲ့ သိပ်ပြီးယုံကြည်လို့မရသေးပါဘူး။ အင်တာမီလန်ကလည်း ပြီးခဲ့တဲ့ရာသီကလောက် အားကောင်းတဲ့ပုံစံကို မပြနိုင်သေးဘူး။ လော်တာရိုမာတီနက်ဇ်ပွဲထွက်လာရင်တော့ အင်တာမီလန်ရဲ့ တိုက်စစ်က ပိုအလုပ်ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် နောက်ဆုံး (၂)ပွဲဆက် နိုင်ပွဲပျောက်ထားလို့ အင်တာမီလန် (၃)မှတ် ရယူဖို့ ကြိုးစားလိမ့်မယ်။ အင်တာမီလန် အဝေးကွင်းနိုင်ပွဲစရမယ်။



ဂျီနိုအာ - ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် ည ၁၀:၃၀ နာရီ)

ဂျူဗင်တပ်စ်က ဒီပွဲပြီးရင် လိုက်ပ်ဇစ်ကွင်းမှာ ချန်ပီယံလိဂ်ပွဲကျပ်သွားကစားရမှာဖြစ်တာကြောင့် အဓိကကစားသမားတချို့ကို အနားပေးနိုင်ပါတယ်။ နည်းပြ မော့တာရဲ့အသင်းက နောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲပျောက်ထားပြီး တိုက်စစ်ကလည်း ဂိုးမသွင်းနိုင်ခဲ့ဘူး။ ဂျီနိုအာက အိမ်ကွင်းဆိုရင် ထိပ်သီးတွေကို ဒုက္ခပေးတတ်တဲ့အသင်းဖြစ်ပြီး အင်တာမီလန်၊ ရိုးမားတို့ကိုလည်း သရေကစားထားတယ်။ ဂျီနိုအာနဲ့ စွန့်စားသင့်တယ်။



ဘိုလော့ဂ်နာ - အတ္တလန်တာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၉ ရက် နံနက် ၁:၁၅ နာရီ)

ဘိုလော့ဂ်နာက နောက်ဆုံးကစားတဲ့ပွဲမှာ မွန်ဇာကို အနိုင်ယူပြီး ဒီရာသီရဲ့ စီးရီးအေနိုင်ပွဲကို စယူခဲ့တယ်။ နည်းပြသစ် အီတာလီယာနိုရဲ့လက်ထဲမှာ ဘိုလော့ဂ်နာအသင်း တဖြည်းဖြည်းအသားကျလာတာလည်း တွေ့ရတယ်။ အတ္တလန်တာက အသင်းကောင်းတစ်သင်းဖြစ်ပေမဲ့ နောက်ဆုံးကစားတဲ့ စီးရီးအေ (၂)ပွဲမှာ (၅)ဂိုးအထိပေးခဲ့ရတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရာသီလောက် အင်တာမီလန်အသင်း အားမကောင်းတော့တာကိုလည်း တွေ့ရတယ်။ ဘိုလော့ဂ်နာကို ရွေးချယ်ချင်ပြီး (၂)သင်း ပေါင်း သွင်းဂိုးများနိုင်ပါတယ်။

Most Read

Most Recent