■ လာလီဂါပွဲစဉ် (၈) ပွဲကြိုသုံးသပ်ချက် 

■ လာလီဂါပွဲစဉ် (၈) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 27 September 2024

ဂီတာဖေး - အလာဗတ်စ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် ည ၆:၃၀ နာရီ)

ဂီတာဖေးကတော့ ရလဒ်ကောင်းဖို့ရုန်းကန်နေရပြီး နိုင်ပွဲတစ်ပွဲရဖို့တောင် ခက်ခဲတဲ့အခြေအနေဖြစ်နေတယ်။ ခံစစ်မာပေမယ့် တိုက်စစ်က ဒီရာသီမှာ သိသိသာသာအားနည်းသွားပြီး အရင်လို အိမ်ကွင်းမှာဂိုးရဖို့တောင် မနည်းကစားယူနေရတာ တွေ့ရတယ်။ အလာဗတ်စ်ကတော့ ဒီရာသီမှာအရင်ကထက် တိုက်စစ်ဘက်ကို ပိုပြီးဦးစားပေးကစားလာနေလို့ ခံစစ်ကစားပုံ နည်းနည်းလျော့သွားတယ်။ ဂီတာဖေးနဲ့ ဂိုးအနည်းပဲ ရွေးမယ်။



ဗယ်လက်ကာနို - လီဟာနက်စ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် ည ၈:၄၅ နာရီ)

ဗယ်လက်ကာနိုရဲ့ လက်ရှိအိမ်ကွင်းကစားအားကိုတော့ လီဟာနက်စ် မနည်းတောင့်ခံကစားနိုင်ဖို့ လိုလိမ့်မယ်။ ခံစစ်ကစား ပုံမဆိုးပေမယ့် အဝေးကွင်းတိုက်စစ်အားနည်းနေသေးပုံနဲ့တော့ လီဟာနက်စ်တို့ဒီပွဲမှာ ဗယ်လက်ကာနိုကို အနိုင်ဖို့အခွင့်အရေး နည်းနေတာ အမှန်ပါပဲ။ ဗယ်လက်ကာနိုနဲ့ ဂိုးအများပဲ ကြိုက်တယ်။



ဆိုစီဒက် - ဗလင်စီယာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် ည ၁၁:၀၀ နာရီ)

ဒီရာသီမှာ ဆိုစီဒက်ရဲ့ခြေစွမ်းက သိသိသာသာပဲပြိုဆင်းသွားတယ်။ အသင်းကထွက်ခွာသွားတဲ့ အဓိကကစားသမားတွေ နေရာကို အင်အားပြန်လည်မဖြည့်တင်းနို်င်မှုက ဆိုစီဒက်ကို အခြေအနေဆိုးစေခဲ့တယ်လို့ပြောရမယ်။ အထူးသဖြင့် ဆိုစီဒက်ရဲ့တိုက်စစ်ပိုင်းကအတော်လေးကိုအားလျော့သွားလို့ ဗလင်စီယာဘက်ကိုလည်း ဂိုးရဖို့ရုန်းကန်ရဦးမှာ သေချာတယ်။ ဗလင်စီယာက တက်ရိပ်ပြနေတဲ့အသင်းဖြစ်ပြီး သရေမျှော်လင့်နိုင်တယ်။



အိုဆာဆူနာ - ဘာစီလိုနာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၉ ရက် နံနက် ၁:၃၀ နာရီ)

ဘာစီလိုနာကလည်း ဒဏ်ရာနွံထဲကနေ ရုန်းမထွက်နိုင်သေးဘူးဖြစ်နေတယ်။ ဗီလာရီးယဲလ်နဲ့ပွဲမှာ အဓိကဂိုးသမား စတီဂန် ဒဏ်ရာရသွားတာက ဘာစီလိုနာခံစစ်အတွက်ပြဿနာ ဖြစ်လာစေနိုင်ပါတယ်။ ဒါ့ပြင် စတီဂန်က (၈)လလောက်အထိ အနားယူရဖို့ရှိနေလို့  နည်းပြဟန်ဆီဖလစ်ခ်အတွက်ဂိုးသမား နေရာဖြေရှင်းနိုင်ရေးကပါအရေးပါလာတယ်။ အရန်ဂိုးသမား အီညာကီပီနာက နုသေးတယ်။ ပြီးခဲ့တဲ့ရာသီ စတီဂန်မကစားနိုင်ချိန် ပီနာ ဝင်ကစားပေးတုန်းကလည်း ဘာစီလိုနာရဲ့ရလဒ်ပိုင်းတွေ မငြိမ်ခဲ့ဘူး။ အိုဆာဆူနာကတော့ အိမ်ကွင်းမာတယ်။ အိမ်ကွင်းနောက်ဆုံး (၃)ပွဲစလုံးလည်းနိုင်ထားတယ်။ အစဉ်အလာမှာတော့ ဘာစီလိုနာကိုမယှဉ်နိုင်သေးတာကပဲ အိုဆာဆူနာရဲ့ အားနည်းချက်လိုဖြစ်နေတယ်။ ဒီပွဲလည်းတိုက်စစ်ကစား ပုံပိုကောင်းတဲ့ ဘာစီလိုနာနဲ့ ဂိုးအများပဲ ကြိုက်တယ်။

Most Read

Most Recent