ပြတ်တောက်သွားသော ညာဘက်လက်မကို ပြန်ဆက်ပေးသည့် ခွဲစိတ်ကုသမှု ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့

ပြတ်တောက်သွားသော ညာဘက်လက်မကို ပြန်ဆက်ပေးသည့် ခွဲစိတ်ကုသမှု ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့
Published 27 September 2024

ပြတ်တောက်သွားသော ညာဘက်လက်မကို ပြန်ဆက်ပေးသည့် ခွဲစိတ်ကုသမှု ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အမှတ်(၉)ရပ်ကွက် မြိုင်လမ်းအမှတ် -၂၁၄/ခ နေထိုင်သူ မောင်စိုင်းဇော်ထိုက် အသက် ၂၆ နှစ်သည် ဇူလိုင် ၃၀ ရက်နံနက်ပိုင်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ သံဖြတ်စက် Cutter ထိခိုက်မိရာမှ ညာဘက်လက်မ ပြတ်တောက်သွားသည့် ဒဏ်ရာ (Right Thumb Traumatic Amputation)ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် ရောက်ရှိလာရာ အဆိုပါလူနာ၏ ပြတ်တောက်သွားသော ညာဘက်လက်မအား ပြန်လည်ဆက်ပေးသည့် ခွဲစိတ်ကုသမှု (Thumb Replantation)ကို ည ၇ နာရီ ၃၅ မိနစ်တွင် စတင်ခဲ့ပြီး ည ၁၁ နာရီ ၃၅ မိနစ်တွင် ခွဲစိတ်မှုအောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လူနာရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် အရေးပေါ်ကုသမှုဌာနမှ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများကအရေးပေါ်ပြုစု ကုသမှုများပြုလုပ်ပြီး လိုအပ်သော စမ်းသပ်စစ်ဆေးမှုများပြုလုပ်ခြင်းကို အချိန်နှင့်တစ်ပြေးညီပြုလုပ်ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုပညာ ဆေးလက်တွေ့ပါရဂူဘွဲ့ သင်တန်းသား သင်တန်းသူများဖြစ်သည့် ဒေါက်တာခိုင်မေဦး၊ ဒေါက်တာ ရဲနိုင်ဦးတို့နှင့် ဒေါက်တာ မင်းမင်းအောင် ဆေးပညာမဟာသိပ္ပံ (တတိယနှစ်) (အရိုးရောဂါပညာ)တို့ဦးဆောင်သည့် လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုအဖွဲ့နှင့် ဒေါက်တာ ဒါလီစိုးဝင်း လက်ထောက်ဆရာဝန် (မေ့ဆေး)၊ ဆေးပညာမဟာသိပ္ပံ(မေ့ဆေး) သင်တန်းသားများဖြစ်သည့် ဒေါက်တာ ထက်အောင်လင်း၊ ဒေါက်တာ အောင်ကိုကိုတို့ ဦးဆောင်သည့် မေ့ဆေးဆရာဝန်အဖွဲ့နှင့် သူနာပြုဒေါ်ပိုးခန့်ထူး၊ ဒေါ်နှင်းအ ဉ္ဇလီတို့ ပါဝင်သော သူနာပြုအဖွဲ့တို့ ပူးပေါင်း၍ ပြတ်တောက်သွားသော လက်မအား ပြန်လည်ဆက်ခြင်း (Replantation) ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။

လူနာ၏ ကျန်းမာရေးအခြေအနေနှင့် ဆက်ထားသော ညာဘက်လက်မ၏ သွေးလည်ပတ်မှု အခြေအနေမှာကောင်းမွန်ပြီး စိတ်ချရသည့်အခြေအနေတွင်ရှိသည့်အတွက် အဆိုပါလူနာအား ဩဂုတ် ၁၂ ရက် (ခွဲစိတ်ပြီး ၁၃ ရက် မြောက်နေ့)တွင် ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ပုံမှန်ပြင်ပလူနာအနေဖြင့် ဆေးရုံရက်ချိန်းဖြင့် ဆက်လက်စောင့်ရှောက် ကုသပေးလျက်ရှိရာ (ခွဲစိတ်ပြီး ၂၈ ရက် မြောက်နေ့)တွင်လည်း ဆက်ထားသောလက်မ၏ အခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent