အိန္ဒိယတွင် ဟိန္ဒူပွဲတော်အတွင်း လူ ၄၆ ဦး ရေနစ်သေဆုံး

အိန္ဒိယတွင် ဟိန္ဒူပွဲတော်အတွင်း လူ ၄၆ ဦး ရေနစ်သေဆုံး
Published 27 September 2024

အိန္ဒိယနိုင်ငံအရှေ့ပိုင်းတွင် ဟိန္ဒူပွဲ တော်တစ်ပွဲကျင်းပနေချိန် ကလေး ၃၇ ဦးအပါအဝင် လူ ၄၆ ဦးထက်မနည်း ရေနစ်သေဆုံးခဲ့သည်ဟု ဒေသခံအစိုးရတာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၂၆ ရက်တွင် အေအက်ဖ် ပီသတင်းကို ပြောပြခဲ့သည်။

ဘီဟာပြည်နယ်၌ သီးခြားဖြစ်စဉ်အတွင်း မကြာသေးမီက ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် မြစ်များနှင့် ကန်များတွင် ဘာသာရေးဓလေ့အရ ရေချိုးခြင်းဓလေ့ကို ဆောင်ရွက်နေစဉ် ရေနစ်သေ ဆုံးခဲ့ကြခြင်းဖြစ်သည်ဟု ဘီဟာသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“လူတွေက ဒီပွဲတော်ကို ကျင်းပဖို့ ရေချိုးနေချိန် မြစ်တွေနဲ့ကန်တွေမှာ အန္တရာယ်ရှိတဲ့အဆင့်အထိ ရေတက်နေ တာကို လျစ်လျူရှုခဲ့ကြပါတယ်”ဟု အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ သည်။

မိခင်၏ ခြင်းချက်မရှိ ချစ်ခြင်း၏နိမိတ်ပုံကို ရည်ညွှန်းသည့် Jitiya Parv ပွဲတော်ကို ဘီဟာပြည်နယ်၏ ခရိုင် ၁၅ ခုတွင် စက်တင်ဘာ ၂၄ ရက်မှစ၍ ပြုလုပ်ချိန်၌ ယင်းရေနစ်သေဆုံးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အာဏာပိုင်များသည် အခြားအလောင်းသုံးလောင်းကို ပြန်လည်ရယူနိုင်ရန် ဆောင်ရွက် လျက်ရှိသည်ဟု ဆိုသည်။ အိမ်နီးချင်းဥတ္တရာ ပရာဒက်ရှ်နှင့် ဂျေဟာခန်းပြည်နယ်များအပြင် နီပေါ၏ တောင်ပိုင်းနေရာ အများအပြား၌ ယင်းပွဲတော်ကို ရက်ပေါင်းများစွာကြာ ပြုလုပ်ဆင်နွှဲကြသည်။                         

Ref:AFP

Most Recent