■ လေဗာကူဆင်တိုက်စစ်မှူး ဘိုနီဖေ့စ်ကို ခေါ်ယူရန် ချယ်လ်ဆီးအသင်း စိတ်ဝင်စားနေ     

■ လေဗာကူဆင်တိုက်စစ်မှူး ဘိုနီဖေ့စ်ကို ခေါ်ယူရန် ချယ်လ်ဆီးအသင်း စိတ်ဝင်စားနေ     
Photo: Getty Images
Photo: Getty Images
Published 27 September 2024

ချယ်လ်ဆီးအသင်းသည် လေဗာကူဆင်တိုက်စစ်မှူး ဘိုနီဖေ့စ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ 

နိုင်ဂျီးရီးယားလက်ရွေးစင်ကစားသမား ဘိုနီဖေ့စ်(၂၃ နှစ်)သည် ပြီးခဲ့သည့်ရာသီတွင် လေဗာကူဆင်အသင်းအတွက် ပြိုင်ပွဲစုံ (၃၄)ပွဲကစားကာ (၂၁)ဂိုးသွင်းယူခဲ့သည့်အတွက် ၎င်းကို ခေါ်ယူလိုသည့် အသင်းများစွာရှိနေသည်။ 

၎င်း၏ စျေးကွက်တန်ဖိုးမှာ ယူရိုသန်း(၇၀)ဝန်းကျင်သာရှိမည်ဖြစ်သည့်အတွက် ချယ်လ်ဆီးအသင်းက ခေါ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်သည်။ 

ဘိုနီဖေ့စ်အား ခေါ်ယူရန် ချယ်လ်ဆီးအသင်းအပြင် ဥရောပထိပ်တန်းကစားသမားများစွာက စိတ်ဝင်စားနေကြောင်း သိရှိရသည်။ 

ချယ်လ်ဆီးအသင်းသည် ဘိုနီဖေ့စ်အပြင် ဂါလာတာစာရေးအသင်းတွင် တစ်ရာသီအငှားသွားရောက်ကစားနေသည့် နာပိုလီတိုက်စစ်မှူး အိုဆင်မန်ကိုလည်း ခေါ်ယူရန် စောင့်ကြည့်နေကြောင်း သိရှိရသည်။ 

Most Read

Most Recent