■ ကယ်လ်ဗင်ဖီးလစ်ကို ပြန်လည်ခေါ်ယူရန် မန်စီးတီးအသင်း စီစဉ်နေ     

■ ကယ်လ်ဗင်ဖီးလစ်ကို ပြန်လည်ခေါ်ယူရန် မန်စီးတီးအသင်း စီစဉ်နေ     
Published 27 September 2024

မန်စီးတီးအသင်းသည် အစ်ဝစ်ချ်အသင်းထံ အငှားချထားသည့် အင်္ဂလန်ကွင်းလယ်ကစားသမား ကယ်လ်ဗင်ဖီးလစ်ကို ပြန်လည်ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။ 

မန်စီးတီးအသင်းသည် ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့သည့် စပိန်ကွင်းလယ်ကစားသမား ရိုဒရီကို ရာသီကုန်အထိ အနားပေးရဖွယ်ရှိနေသည့်အတွက် ကယ်လ်ဗင်ဖီးလစ်ကို ပြန်လည်ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

မန်စီးတီးအသင်းသည် အခြားကစားသမားများကို ဇန်နဝါရီမှသာ ခေါ်ယူနိုင်မည်ဖြစ်သော်လည်း ကယ်လ်ဗင်ဖီးလစ်ကိုမူ ပြန်လည်ခေါ်ယူနိုင်သည့် အခွင့်အရေးရှိနေကြောင်း သိရသည်။

အသက် (၂၈) နှစ်အရွယ်ရှိ ကယ်လ်ဗင်ဖီးလစ်သည် ၂၀၂၂ နွေရာသီအပြောင်းအရွှေ့ကာလတွင် လိဒ်စ်အသင်းမှ မန်စီးတီးအသင်းထံသို့ Add-ons ကြေးအပါအဝင် ပေါင် (၄၅)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။ 

သို့သော် ကယ်လ်ဗင်ဖီးလစ်သည် မန်စီးတီးအသင်းတွင် ပွဲကစားခွင့်ရရန် ရုန်းကန်ခဲ့ရပြီး ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက ဝက်စ်ဟမ်အသင်းထံ အငှားသွားရောက်ကစားခဲ့ရသလို၊ ယခုရာသီတွင်လည်း အစ်ဝစ်ချ်အသင်းထံ အငှားချခံထားရခြင်းဖြစ်သည်။ 

မန်စီးတီးပရိသတ်များကလည်း အသင်းနှင့် ဆုဖလားများ ရရှိဖူးသည့် ကယ်လ်ဗင်ဖီးလစ်အား ရိုဒရီ၏နေရာတွင် အစားထိုးရန်အတွက် ပြန်လည်ခေါ်ယူရန် လူမှုကွန်ရက်တွင် တောင်းဆိုခဲ့ကြကြောင်း သိရသည်။ 

Most Read

Most Recent