■ ယမားလ်သည် ကမ္ဘာ့အကောင်းဆုံးတောင်ပံကစားသမားဟု လီဝန်ဒေါစကီး ချီးကျူး     

■ ယမားလ်သည် ကမ္ဘာ့အကောင်းဆုံးတောင်ပံကစားသမားဟု လီဝန်ဒေါစကီး ချီးကျူး     
Photo: Getty Images
Photo: Getty Images
Published 27 September 2024

ဘာစီလိုနာအသင်း၏ တိုက်စစ်မှူး လီဝန်ဒေါစကီးက အသင်းဖော် ယမားလ်သည် လက်ရှိအချိန်တွင် ကမ္ဘာ့အကောင်းဆုံးတောင်ပံကစားသမားဖြစ်သည်ဟု ချီးကျူးပြောကြားခဲ့သည်။ 

ယမားလ်(၁၇ နှစ်)သည် ဘာစီလိုနာအသင်းအတွက် (၅၉)ပွဲကစားပြီးချိန်တွင် (၁၁)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၁၄)ကြိမ် ပြုလုပ်ပေးထားသူဖြစ်သည်။ 

"ဒီအချိန်မှာ သူက ကမ္ဘာ့အကောင်းဆုံးတောင်ပံကစားသမားပါပဲ။ သူ့အသက်က (၁၇)နှစ်ပဲ ရှိပါသေးတယ်။ ဘောလုံးသမားတစ်ယောက် ရဲ့ သက်တမ်းက အရမ်းရှည်ပါတယ်။ ကစားသမားဘဝကို ဘယ်လိုအစပြုသလဲဆိုတာထက် ဘယ်လိုအဆုံးသတ်သလဲဆိုတာက ပိုပြီးအရေးကြီးပါတယ်။ သူ့ကို အချိန်အကြာကြီးဖြတ်သန်းနိုင်စေချင်ပါတယ်"ဟု လီဝန်ဒေါစကီးက ဆိုခဲ့သည်။

ဘာစီလိုနာ၏ နာမည်ကျော်အကယ်ဒမီ လာမာစီယာထွက် ယမားလ်သည် အသက် (၁၅) နှစ်ကတည်းက ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် ပွဲထွက်ကစားခွင့်ရခဲ့သူဖြစ်သည်။

၎င်းသည် လက်ရှိအချိန်တွင် ဘာစီလိုနာအသင်း၏အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနေသလို၊ ယူရို ၂၀၂၄ ချန်ပီယံ စပိန်အသင်းတွင်လည်း အဓိကကစားသမားအဖြစ် ခြေစွမ်းပြခဲ့သူ ဖြစ်သည်။ 

ယမားလ်သည် ယခုရာသီတွင်လည်း ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ (၈) ပွဲတွင် (၄) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၅) ကြိမ် ပြုလုပ်ထားသည်။ 

Most Read

Most Recent