■ ဗာရန်း၏ဆုံးဖြတ်ချက် မှန်ကန်သည်ဟု ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒေးရွှမ့် ဆို

■ ဗာရန်း၏ဆုံးဖြတ်ချက် မှန်ကန်သည်ဟု ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒေးရွှမ့် ဆို
Photo: Getty Images
Photo: Getty Images
Published 27 September 2024

ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒေးရွှမ့်က ကစားသမားဘဝမှ အနားယူခဲ့သည့် ပြင်သစ်နောက်ခံလူ ဗာရန်း၏ ဆုံးဖြတ်ချက်မှာ မှန်ကန်သည်ဟု ပြောကြားခဲ့သည်။ 

ရီးယဲလ်နှင့် မန်ယူအသင်း၏ကစားသမားဟောင်း ဗာရန်းသည် အသက်(၃၁)နှစ်သာရှိသေးသော်လည်း ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

ဒေးရွှမ့်က "ဒါဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဗာရန်းအနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

ဗာရန်းသည် ကိုမိုအသင်းအတွက် တစ်ပွဲသာ ကစားခဲ့ပြီးနောက် အနားယူခဲ့ခြင်းဖြစ်သည်။

ဗာရန်းသည် ကစားသမားဘဝတွင် လန်းစ်၊ ရီးယဲလ်မက်ဒရစ်၊ မန်ယူနှင့် ကိုမိုအသင်းများတွင် ကစားခဲ့ပြီး ကလပ်အသင်းပွဲပေါင်း (၄၈၉) ပွဲတွင် (၂၁) ဂိုး သွင်းယူခဲ့သည်။ 

၎င်းသည် ရီးယဲလ်အသင်းနှင့်အတူ လာလီဂါဖလား (၃) ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၄) ကြိမ်အပါအဝင် ဆုဖလား (၁၈) လုံးအထိ ရရှိခဲ့ပြီး မန်ယူအသင်းနှင့်အတူ FA ဖလားနှင့် လိဂ်ဖလားတို့ကို ရရှိခဲ့သည်။ 

ဗာရန်းသည် ပြင်သစ်လက်ရွေးစင်အသင်းအတွက်လည်း ပွဲပေါင်း (၉၃) ပွဲအထိ ကစားခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားနှင့် ၂၀၂၀-၂၁ ရာသီ UEFA Nations League ဖလားများကို ရယူနိုင်ခဲ့သည်။ 

Most Read

Most Recent