တနင်္သာရီတိုင်းဒေသကြီး၊ ရေး-ထားဝယ် ရထားလမ်းပိုင်းအတွင်း တံတား အမှတ်(၆ဝ၆) မောင်မယ်ရှောင် တံတား မိုင်းခွဲ ဖျက်ဆီးခံရ

တနင်္သာရီတိုင်းဒေသကြီး၊ ရေး-ထားဝယ် ရထားလမ်းပိုင်းအတွင်း တံတား အမှတ်(၆ဝ၆) မောင်မယ်ရှောင် တံတား မိုင်းခွဲ ဖျက်ဆီးခံရ
Published 26 September 2024

တနင်္သာရီတိုင်းဒေသကြီး၊ ရေး-ထားဝယ် ရထားလမ်းပိုင်းအတွင်းရှိ တံတား အမှတ်(၆ဝ၆) မောင်မယ်ရှောင်တံတား မိုင်းခွဲဖျက်ဆီးခံရကြောင်း သိရသည်။

စက်တင်ဘာ ၂၅ ရက် ညနေပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ရေး-ထားဝယ် ရထားလမ်းပိုင်းအတွင်း ထားဝယ်မြို့နယ်၊ ရေဖြူဘူတာနှင့် ထားဝယ်ဘူတာအကြား၊ မိုင်တိုင်အမှတ် ၃၆၄/၁၁-၁၂ ရှိ တံတား အမှတ်(၆ဝ၆)၊ မောင်မယ်ရှောင်တံတားအား  လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့မှ မိုင်းခွဲဖျက်ဆီးခဲ့ကြကြောင်း နစကမှ ထုတ်ပြန်သည်။

အဆိုပါ မိုင်းခွဲဖျက်ဆီးမှုကြောင့် တံတား၏ အောက်ခံကန့်လန့်ဖြတ်သံဘောင် (၂)ချောင်း၊ အလျား လိုက်သံဘောင်(၂)ချောင်း၊ ၇၅ ပေါင်သံလမ်း(၂)ချောင်း၊ သံလမ်းထိန်း Guard Rail (၂)ချောင်းနှင့် တံတားအထူးသစ်သားဇလီဖားများပျက်စီး ဆုံးရှုံးခဲ့ကြောင်းနှင့် ပျက်စီးချို့ယွင်းမှုများကို အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း(၇၉)ကြိမ်၊ရထားတံတား/သံလမ်းများအားမိုင်းခွဲဖျက်ဆီးခြင်း(၁၇၂)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၆)ကြိမ်ကျူးလွန်ခဲ့ကြကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Most Read

Most Recent