လီဆန်ဒရိုမာတီနက်ဇ်အနေဖြင့် ယခုထက် ထိန်းချုပ်နိုင်စွမ်းရှိသင့်သည်ဟု တန်ဟက်ဂ် ပြောကြား

လီဆန်ဒရိုမာတီနက်ဇ်အနေဖြင့် ယခုထက် ထိန်းချုပ်နိုင်စွမ်းရှိသင့်သည်ဟု တန်ဟက်ဂ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 23 September 2024

မန်ယူနည်းပြ တန်ဟက်ဂ်က အာဂျင်တီးနားနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်အနေဖြင့် ယခုထက် ထိန်းချုပ်နိုင်စွမ်းရှိသင့်သည်ဟု ပြောကြားခဲ့သည်။

လီဆန်ဒရိုသည် ပဲလေ့စ်နှင့်ပွဲတွင် ပြိုင်ဘက်ကွင်းလယ်ကစားသမား ကာမာဒါနှင့် ဘောလုံးပြိုင်လုရာ၌ ခြေစုံဝင်ခဲ့သဖြင့် အဝါကတ်ပြသခံခဲ့ရပြီး ဝေဖန်ပြစ်တင်မှုများနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။

၎င်းအနေဖြင့် ကံကောင်း၍သာ အနီကတ်ပြမခံရခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိခဲ့သည်။

ယင်းအတွက် တန်ဟက်ဂ်က ''သူ့ရဲ့လုပ်ရပ်က ပြိုင်ဘက်ကို မထိခဲ့တာကြောင့် အဝါကတ်ပဲ ပြသင့်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ဒီထက်ပိုပြီး ထိန်းချုပ်နိုင်စွမ်းရှိသင့်ပါတယ်''ဟု ဆိုခဲ့သည်။

ခရစ္စတယ်ပဲလေ့စ်နည်းပြ ဂလက်စ်နာကမူ လီဆန်ဒရိုမာတီနက်ဇ်၏ ဘောလုံးလုယူပုံမှာ ကြမ်းကြုတ်လွန်းပြီး အကယ်၍ ထိမိခဲ့ပါက ကာမာဒါအနေဖြင့် ခြေထောက်ကျိုးသွားနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

Most Read

Most Recent