မိုက်ကယ်အိုလီဗာ၏ ဒိုင်လူကြီးသက်တမ်းအတွင်း ထုတ်ပယ်ခဲ့သည့် အာဆင်နယ်ကစားသမား (၇)ဦး ရှိလာပြီး အခြားအသင်းများထက် ပိုမိုများပြား

မိုက်ကယ်အိုလီဗာ၏ ဒိုင်လူကြီးသက်တမ်းအတွင်း ထုတ်ပယ်ခဲ့သည့် အာဆင်နယ်ကစားသမား (၇)ဦး ရှိလာပြီး အခြားအသင်းများထက် ပိုမိုများပြား
Photo : Getty Images
Photo : Getty Images
Published 23 September 2024

မန်စီးတီး ၂-၂ အာဆင်နယ်ပွဲကို ကိုင်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင်လူကြီး မိုက်ကယ်အိုလီဗာသည် ၎င်းင်း၏ ဒိုင်လူကြီးသက်တမ်းအတွင်း အာဆင်နယ်ကစားသမား (၇)ဦးကို ထုတ်ပယ်ခဲ့ပြီး အခြားအသင်းများထက် ပိုမိုများပြားသည့် အရေအတွက်ဖြစ်ကြောင်း သိရသည်။

မိုက်ကယ်အိုလီဗာသည် ယခုတစ်ပတ်ပွဲစဉ်တွင် အာဆင်နယ်ကွင်းလယ်လူ ထရိုဆက်ဒ်ကို နှစ်ဝါတစ်နီဖြင့်  ထုတ်ပယ်ခဲ့ပြီး အဆိုပါဆုံးဖြတ်ချက်အတွက် ဝေဖန်ပြစ်တင်မှုများစွာနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။

ထရိုဆက်ဒ်ကို ဒုတိယအဝါကတ် ပြသခဲ့ခြင်းမှာ ပြစ်ဒဏ်ဘောအဖြစ် ခရာမှုတ်ပြီးချိန်၌ ဘောလုံးကို ကန်ထုတ်ခဲ့ခြင်းကြောင့်ဟု အကြောင်းပြခဲ့သော်လည်း မိုက်မဲသည့် ဆုံးဖြတ်ချက်ဟု ဝေဖန်ပြစ်တင်သူများစွာ ရှိခဲ့သည်။

မန်ယူအသင်း၏ ဂိုးသမားဟောင်း ပီတာရှမိုက်ကယ်ကလည်း ပရီးမီးယားလိဂ်၏ ပွဲကြီးပွဲကောင်းတစ်ပွဲတွင် မိုက်ကယ်အိုလီဗာအနေဖြင့် ပျော့ပြောင်းစွာကိုင်တွယ်သင့်သော်လည်း ပွဲ၏ရသကို ပျက်စီးစေခဲ့ကြောင်း ဝေဖန်ခဲ့သည်။

Most Read

Most Recent