ဖျာပုံမြို့ရှိ PARADISO ရုပ်ရှင်ရုံသစ် မီးလောင်ခဲ့ပြီး တစ်ရုံလုံးပျက်စီးခဲ့

ဖျာပုံမြို့ရှိ PARADISO ရုပ်ရှင်ရုံသစ် မီးလောင်ခဲ့ပြီး တစ်ရုံလုံးပျက်စီးခဲ့
ဓာတ်ပုံ- ဟန်ထူးအောင်
ဓာတ်ပုံ- ဟန်ထူးအောင်
Published 22 September 2024

ဖျာပုံမြို့ရှိ PARADISO ရုပ်ရှင်ရုံသစ် စက်တင်ဘာ ၂၁ ရက် ည ၉ နာရီခန့်က မီးလောင်ခဲ့ပြီး တစ်ရုံလုံးပျက်စီးခဲ့ကြောင်း ဖျာပုံမြို့ခံများထံမှ သိရသည်။

ထရန်စဖောမှ ရှော့ဝင်ပြီး စတင်လောင်ကျွမ်းခြင်းဖြစ်ကာ တစ်ရုံလုံး မီးလောင်ပျက်စီးသွားကြောင်း ဖျာပုံမြို့ခံတစ်ဦးက ပြောကြားသည်။

"မနေ့ကညက လောင်တာပေါ့။ ထရန်စဖာကနေ ရှော့ဝင်စီးပြီး လောင်တာလို့ ကနဦးသိရပါတယ်။ ရှော့ဝင်တာကနေ မီးပွားလေးကနေတစ်ဆင့်အပေါ် စတင်လောင်ကျွမ်းသွားကနေ အကုန်လုံးနီးပါး မီးလောင်သွားတာပါ" ဟု ဖျာပုံမြို့ခံတစ်ဦးက ပြောကြားသည်။

မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် စက်တင်ဘာ ၂၁ ည ၈ နာရီ ၅၅ မိနစ်ခန့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ ဒုတိယလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ဖျာပုံခရိုင် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဖျာပုံမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၇)စီး၊ ဘိုကလေးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဒေးဒရဲမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကျိုက်လတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ည ၉ နာရီ ၁၀ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း ဖော်ပြထားသည်။

 

 

Most Read

Most Recent