ပြင်သစ်လီဂူးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ပြင်သစ်လီဂူးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo : Getty Images
Photo : Getty Images
Published 21 September 2024

မိုနာကို နှင့် လူအယ်ဗာ

ဒီရာသီပေးဂိုးအနည်းဆုံးအသင်းတစ်သင်းဖြစ်တဲ့ မိုနာကိုရဲ့ အိမ်ကွင်းကစားပုံမာကျောမှုကို လူအယ်ဗာတို့  ပွဲချိန်ပြည့်တောင့်ခံကစားဖို့ခက်ပါလိမ့်မယ်။ လူအယ်ဗာက လီဂူးအတွေ့အ ကြုံနည်းပေမယ့် ကစားပုံကောင်းမွန်တဲ့အသင်းဖြစ်လို့ မိုနာကိုအတွက်လည်း ပေါ့ဆလို့မရတာအမှန်ပါ။ အိမ်ကွင်းမှာမိုနာကိုအား ပိုသာပေမယ့် အလွယ်တကူအနိုင်ရဖို့ခက်မှာပါ။

ဘရက်စ် နှင့် တူးလူး

ရပ်တည်မှုမကွာခြားလှပေမယ့် တူးလူးရဲ့ဒီရာသီကစားပုံက အိမ်ရှင်ဘရက်စ်ထက်ပိုပြီးတည်ငြိမ်ပါတယ်။ ဘရက်စ်တို့ အမြင့်ဆုံးသရေပဲမျှော်လင့်နိုင်မယ်။

အန်ဂါစ် နှင့် နန့်စ်

ပြီးခဲ့တဲ့ပွဲမှာ ဒီရာသီပထမဆုံးရှုံးပွဲကိုကြုံတွေ့ခဲ့ပေမယ့် နန့်စ်ရဲ့ကစားပုံက အိမ်ရှင်အန်ဂါစ်ထက် ပိုသာပါတယ်။ တိုက်စစ် ကစားပုံကောင်းတဲ့နန့်စ်တို့ နိုင်ပွဲပြန်ယူမှာပါ။

မောင့်ပယ်လီယာ နှင့် အော်ဇေး

နိုင်ပွဲမရသေးဘဲ အမှတ်ပေးဇယားအောက်ဆုံးရောက်နေတဲ့ မောင့်ပယ်လီယာတို့ အခုအိမ်ကွင်းမှာ အခွင့်အရေးယူနိုင်မလား စောင့်ကြည့်ရမယ်။ မောင့်ပယ်လီယာနဲ့ပဲအရဲစွန့်ချင်တယ်။

လိုင်ယွန် နှင့် မာဆေးလ်

မာဆေးလ်အတွက် နောက်ထပ်စမ်းသပ်မှုပါ။ လိုင်ယွန်က အကောင်းဆုံးပုံစံမရသေးပေမယ့် အိမ်ကွင်းဆိုရင်ကစားပုံကျစ် လျစ်မာကျောလေ့ရှိတယ်။ အထူးသဖြင့် ခြေပိုသာတဲ့ပြိုင်ဘက် အသင်းကြီးတွေနဲ့တွေ့ရင် လိုင်ယွန်တို့ ပိုပြီးအားစိုက်ကစားလေ့ ရှိတာတွေ့ရတယ်။ ဒါပေမဲ့မာဆေးလ်က ယုံကြည်မှုမြင့်နေသလို၊ ကစားပုံကောင်းမွန်တဲ့အသင်းပါ။ မာဆေးလ်ပဲကြိုက်တယ်။

Most Read

Most Recent