စီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo : Getty Images
Photo : Getty Images
Published 21 September 2024

ဖီအိုရင်တီးနား နှင့် လာဇီယို

ဖီအိုရင်တီးနားကနောက်ဆုံးပွဲမှာ အတ္တလန်တာကို ရှုံးခဲ့ပေမယ့် ကစားပုံမညံ့ခဲ့ပါဘူး။ အထူးသဖြင့် ပထမပိုင်းတိုက်စစ်ကစားပုံက အတော်လေး ထိရောက်ခဲ့တယ်။ လာဇီယိုကလည်း အူဒီးနီးစ်ကို အဝေးကွင်းမှာ ရှုံးခဲ့ပေမဲ့ ကျန်တဲ့စီးရီးအေ (၃)ပွဲစလုံး အမှားမရှိခဲ့ဘူး။ အီမိုဘီလီမရှိတော့ပေမဲ့ လာဇီယိုရဲ့ တိုက်စစ်က အားကောင်းဆဲပဲ။ သရေကျဖို့များတယ်။ အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်ပြီး ဂိုးများနိုင်ပါတယ်။

မွန်ဇာ နှင့် ဘိုလော့ဂ်နာ

မွန်ဇာက ဒီရာသီမှာ လက်ရှိချိန်အထိ နိုင်ပွဲမရသေးဘူး။ ဒါပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ အင်တာမီလန်နဲ့ပွဲမှာ မွန်ဇာရဲ့ တုံ့ပြန်သွားပုံက အထင်ကြီးစရာကောင်းတယ်။ ဘိုလော့ဂ်နာကတော့ ပြီးခဲ့တဲ့ရာသီက ပုံစံမျိုးမရသေးဘူး။ ချန်ပီယံလိဂ်ကစားထားရလို့လည်း ပွဲပန်းနေနိုင်တယ်။ မွန်ဇာကို ကြိုက်တယ်။

ရိုးမား နှင့် အူဒီးနီးစ်

အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်နေတဲ့ အူဒီးနီးစ်ရဲ့ ရာသီအစရလဒ်ပိုင်းတွေက အံ့အားသင့်စရာကောင်းတယ်။ ပြိုင်ဘက်ကောင်းတွေနဲ့ ရင်ဆိုင်ရတဲ့ပွဲတွေမှာ ရလဒ်ကောင်းတွေရယူနိုင်ခဲ့တယ်။ ဒီရော့ဆီရဲ့ ရိုးမားကလည်း နိုင်ပွဲမရသေးပေမဲ့ အသင်းလိုက်ကစားပုံကောင်းပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ပွဲမှာ ဒေါ့ဗ်ဘိခ် ဂိုးပေါက်တွေ့ခဲ့တာက အသင်းအတွက် အပေါင်းလက်က္ခဏာ ဆောင်ခဲ့တယ်။ ရိုးမားကို ကြိုက်တယ်။

အင်တာမီလန် နှင့် အေစီမီလန်

အင်တာမီလန်က အေစီမီလန်နဲ့တွေ့ဆုံတဲ့ နောက်ပိုင်းပွဲတွေမှာ သိသိသာသာအသာစီးယူနိုင်ခဲ့တာ တွေ့ရတယ်။ အင်တာမီလန်ရဲ့ မြန်နှုန်းမြင့်တောင်ပံတိုက်စစ်ကစားပုံကြောင့် ပြီးခဲ့တဲ့ရာသီတွေ့ဆုံမှုတွေမှာလည်း အေစီမီလန်အသင်း အရေးနိမ့်ခဲ့တယ်။ ဒါပေမဲ့ ဒီရာသီမှာတော့ မထင်မှတ်ဘဲ အင်တာမီလန်အသင်း အမှတ်လေလွင့်မှုတွေရှိနေတယ်။ အေစီမီလန်ကလည်း ပုံစံကောင်းပြဖို့ ရုန်းကန်နေရပြီး အေဘရာဟမ်ကို ခေါ်ယူနိုင်ခဲ့တာကတော့ အေစီမီလန်တိုက်စစ်ကို ပိုအားကောင်းသွားစေပါတယ်။ အေစီမီလန်ကို အရဲစွန့်ရွေးချယ်ချင်တယ်။

Most Read

Most Recent